နှလုံးခွဲစိတ်ကလေးများအတွက်ရည်ရွယ်ပြီး မိသားစုprogramလေးရိုက်ကာရှာထားတဲ့ အလှူငွေသိန်း 1000ကို ကိုဗစ်ရောဂါအတွက်လှူဒါန်းပေးခဲ့တဲ့ ချစ်သုဝေတို့မိသားစု

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source:Chit Thu Wai

Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်သုဝေတို့မိသားစုလေးကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ပြီး မွေးရာပါနှလုံးအပေါက်ပါတဲ့ကလေးငယ်လေးတွေကို ထောက်ပံ့လှူဒါန်းပေးနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ကိုဗစ်ရာဂါတွေနဲ့ပတ်သက်ပြီး ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများအတွက်တတ်နိုင်သလောက်ဆောင်ရွက်ပေးနေသလို ရှေးတန်းကတိုက်ပွဲဝင်နေကြတဲ့ဆရာဝန်များအတွက်လည်းလိုလေစေ့မရှိအောင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

အလှူတွေကိုယ်စားလည်းလိုအပ်တဲ့နေရာတွေမှာတစ်ဆင့်လှူဒါန်းပေးနေတာဖြစ်ပြီး COVID2nd waveအတွက်အလှူငွေမလောက်လို့ နှလုံးခွဲစိတ်ကလေးများအတွက်ရည်ရွယ်ကာ Trezaတို့မိသားစုprogramလေးရိုက်ပြီးရှာထားတဲ့ အလှူငွေတွေထဲကသုံးရတာသိန်း1000နီးပါးရှိနေပြီလို့သိရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းမှ COViD ပထမ wave၊ ဒုတိယwave စုစုပေါင်းခုချိန်ထိလှူခဲ့တာသိန်းပေါင်း4000နီးပါးရှိခဲ့ပြီဖြစ်ကြောင်း ချစ်သုဝေကယခုလိုပဲပြောပြထားခဲ့ပါတယ်။

“အလုအယက်တွေလှူကြရအောင် FundingတွေဟာCOVIDအတွက်မတည်ငွေ အလှူရှင်ဝင်ငွေအားနဲ့မမျှအောင်လည်ပတ်နေရပါတယ် အခုဆို 2nd waveအတွက်အလှူငွေ မလောက်လို့နှလုံးခွဲစိတ်ကလေးများအတွက်ရည်ရွယ်ကာ Trezaတို့မိသားစုprogramလေးရိုက်ပြီးရှာထားတဲ့ အလှူငွေတွေထဲကသုံးရတာသိန်း1000နီးပါးရှိနေပါပြီ COViD ပထမ wave၊

ဒုတိယwaveစုစုပေါင်းခုချိန်ထိလှူခဲ့တာသိန်းပေါင်း4000နီးပါးရှိခဲ့ပါပြီ အလှူရှင်များကိုလည်းကျေးဇူးတင်ပါတယ်ဒီLive donationအစီအစဉ်လေး စိတ်ကူးရတာနဲ့အကောင်အထည်ဖော်ဖြစ်ပါတယ် စနေညနေတခြားသော online တွေမှာဝယ်ကြရင်း Trezaရဲ့ အခုpageလေးက online donationမှာလည်းလာရောက်လှူဒါန်းပေးကြဖို့တိုက်တွန်းရင်း”ဆိုပြီးရေးသားကာပြောပြထားခဲ့တာဖြစ်ပါတယ်။