မနေ့ညက ကံစမ်းမဲမပေါက်သူတွေ နောက်ကံစမ်းမဲတွေ ဆက်မျှော်လင့်လို့ရသေးကြောင်း ပြောလာတဲ့ စမိုင်းလ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ေတြအတြက္ မၾကာခဏဆိုသလို ကံစမ္းမဲအစီအစဥ္ေတြနဲ႔ လက္ေဆာင္ေတြေပးေနသူ စမိုင္းလ္ကေတာ့ မေန႔ကညကလည္း ခင္ပြန္းျဖစ္သူ ကိုျပည့္ေမာင္ရဲ႕ေမြးေန႔ပါတီေလးအေနနဲ႔ Facebook Live လႊင့္ၿပီး ဂိမ္းေတြကစားခဲ့တဲ့အျပင္ တစ္သိန္းဆု ဆယ္ဆု၊ တစ္သိန္းခြဲတန္ Gift Box ဆယ္ခုနဲ႔ ဂဏန္းခန္႔မွန္းခိုင္းၿပီး ဆုခ်ေငြ ဆယ္သိန္းတို႔ကို မဲေဖာက္ေပးခဲ့ပါတယ္။

စမိုင္းလ္ရဲ႕ ကံစမ္းမဲ Live ကိုေတာ့ ၾကည့္ရႈသူေပါင္း တစ္သန္းေက်ာ္ရွိခဲ့ၾကသလို ကံစမ္းမဲေပါက္ဖို႔ ေမွ်ာ္လင့္ခဲ့ၾကသူေတြလည္း အမ်ားႀကီးပါ။ မေန႔ကညက Live မွာ ကံစမ္းမဲမေပါက္သြားတဲ့သူေတြကိုေတာ့ စမိုင္းလ္က စိတ္မေလွ်ာ့ၾကဖို႔နဲ႔ ေနာက္ထပ္ကံစမ္းမဲအစီအစဥ္ေတြရွိေသးေၾကာင္း မွ်ေဝလာပါတယ္။ မေန႔ကကံထူးသူမ်ားအားလုံး ဒီေန႔စတင္ဆက္သြယ္ၿပီး ေငြမ်ားလႊဲေပးေနပါၿပီရွင္။ ကံစမ္းမဲမေပါက္သူမ်ားလည္း ေနာက္အၿမဲကံစမ္းမဲေတြျပဳလုပ္အုန္းမွာျဖစ္လို႔ ေနာက္အေခါက္ေတြမွာေပါက္ၾကပါေစလို႔ဆုေတာင္းေပးပါတယ္။ အားလုံးပဲက်န္းမာခ်မ္းသာၾကပါေစ ဆိုၿပီး ေရးသားမွ်ေဝလာပါတယ္။

ေနာက္ထပ္ကံစမ္းမဲအစီအစဥ္ေတြအေနနဲ႔ မေန႔က (၂၂) ရက္ေန႔ည ဆယ္နာရီမွ ဒီေန႔(၂၃) ရက္ေန႔ည (၁၀)နာရီ (၂၄) နာရီအတြင္းမွာ စမိုင္းလ္အြန္လိုင္း႐ုပ္ရွင္႐ုံကေန ဂယက္ေတြပါဟယ္ ဇာတ္ကားၾကည့္သူေတြထဲက တစ္ေယာက္ကို သုံးသိန္းဆုမဲေဖာက္ေပးသြားမွာပါ။ ဒါ့အျပင္ ဇာတ္ကားၾကည့္ရႈသူေတြရဲ႕ဖုန္းနံပါတ္ေတြကို သိမ္းထားၿပီး လာမယ့္ (၂၀၂၁) ဇန္နဝါရီလ (၁) ရက္ေန႔မွာ သိန္း(၃၀)၊သိန္း(၂၀)၊ (၁၀) သိန္း ဆိုၿပီး ဆုမဲေတြေဖာက္ေပးသြားမွာမို႔ မေန႔ညက မဲမေပါက္ခဲ့သူေတြ စိတ္မပ်က္ဘဲ ေမွ်ာ္လင့္လို႔ရေသးေၾကာင္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – စမိုင္းလ္ Smile
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေအတွက် မကြာခဏဆိုသလို ကံစမ်းမဲအစီအစဉ်တွေနဲ့ လက်ဆောင်တွေပေးနေသူ စမိုင်းလ်ကတော့ မနေ့ကညကလည်း ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့မွေးနေ့ပါတီလေးအနေနဲ့ Facebook Live လွှင့်ပြီး ဂိမ်းတွေကစားခဲ့တဲ့အပြင် တစ်သိန်းဆု ဆယ်ဆု၊ တစ်သိန်းခွဲတန် Gift Box ဆယ်ခုနဲ့ ဂဏန်းခန့်မှန်းခိုင်းပြီး ဆုချငွေ ဆယ်သိန်းတို့ကို မဲဖောက်ပေးခဲ့ပါတယ်။

စမိုင်းလ်ရဲ့ ကံစမ်းမဲ Live ကိုတော့ ကြည့်ရှုသူပေါင်း တစ်သန်းကျော်ရှိခဲ့ကြသလို ကံစမ်းမဲပေါက်ဖို့ မျှော်လင့်ခဲ့ကြသူတွေလည်း အများကြီးပါ။ မနေ့ကညက Live မှာ ကံစမ်းမဲမပေါက်သွားတဲ့သူတွေကိုတော့ စမိုင်းလ်က စိတ်မလျှော့ကြဖို့နဲ့ နောက်ထပ်ကံစမ်းမဲအစီအစဉ်တွေရှိသေးကြောင်း မျှဝေလာပါတယ်။ မနေ့ကကံထူးသူများအားလုံး ဒီနေ့စတင်ဆက်သွယ်ပြီး ငွေများလွှဲပေးနေပါပြီရှင်။ ကံစမ်းမဲမပေါက်သူများလည်း နောက်အမြဲကံစမ်းမဲတွေပြုလုပ်အုန်းမှာဖြစ်လို့ နောက်အခေါက်တွေမှာပေါက်ကြပါစေလို့ဆုတောင်းပေးပါတယ်။ အားလုံးပဲကျန်းမာချမ်းသာကြပါစေ ဆိုပြီး ရေးသားမျှဝေလာပါတယ်။

နောက်ထပ်ကံစမ်းမဲအစီအစဉ်တွေအနေနဲ့ မနေ့က (၂၂) ရက်နေ့ည ဆယ်နာရီမှ ဒီနေ့(၂၃) ရက်နေ့ည (၁၀)နာရီ (၂၄) နာရီအတွင်းမှာ စမိုင်းလ်အွန်လိုင်းရုပ်ရှင်ရုံကနေ ဂယက်တွေပါဟယ် ဇာတ်ကားကြည့်သူတွေထဲက တစ်ယောက်ကို သုံးသိန်းဆုမဲဖောက်ပေးသွားမှာပါ။ ဒါ့အပြင် ဇာတ်ကားကြည့်ရှုသူတွေရဲ့ဖုန်းနံပါတ်တွေကို သိမ်းထားပြီး လာမယ့် (၂၀၂၁) ဇန်နဝါရီလ (၁) ရက်နေ့မှာ သိန်း(၃၀)၊သိန်း(၂၀)၊ (၁၀) သိန်း ဆိုပြီး ဆုမဲတွေဖောက်ပေးသွားမှာမို့ မနေ့ညက မဲမပေါက်ခဲ့သူတွေ စိတ်မပျက်ဘဲ မျှော်လင့်လို့ရသေးကြောင်း မျှဝေပေးလိုက်ပါတယ်နော်။

Source – စမိုင်းလ် Smile
Rainbow- Cele Gabar