ရုပ်ရှင် နှစ် ၁၀၀ပြည့်မှာ သူကိုယ်တိုင်”ရုတ်တရက်သေဆုံးမယ်ဆိုတာ” နိမတ်ပြသွားတဲ့ ဦးရန်ပိုင်စိုး အကြောင်းစိတ်မကောင်းစွာပြောပြလာတဲ့ ဦးဝင်းမြိုင် (ဗီဒီယိုလေးကြည့်ကြည့်ပါ…)

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Shwe Yaung Myanmar

Unicode ဖြင့်ဖတ်ပါ
★★★★★

ဦးရန်ပိုင်စိုး မဆုံးခင်က သေမယ်ဆိုတာ နိမိတ်ပြသွားတဲ့အကြောင်း ပြောပြလာတဲ့ ဦးဝင်းမြိုင်

ဦးရန်ပိုင်စိုးကတော့ ရုပ်ရှင် လောကသားများအကြားလေးစားရသူတစ်ဦးဖြစ်သလို နှစ်ပေါင်းများစွာ ဂီတလောကမှာရော ရုပ်ရှင်လောကမှာပါ နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ယခုရက်ပိုင်းမှာတော့ ဦးရန်ပိုင်စိုးဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။

ဒီလိုမကွယ်လွန်ခင်မှာ သေမယ်ဆိုတဲ့ အတိတ်နိမိတ်ပြသွားခဲ့တဲ့ အကြောင်း ဦးရန်ပိုင်စိုးနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဦးဝင်းမြိုင်က အခုလို ပြောပြလာခဲ့ပါတယ်။

” ဒါကိုယ့်လောကသား လုပ်ဖော်ကိုင်ဖက်ကိုးး သိပ်ပြီးတော့ မြန်လွန်းအားကြီးတယ်လေ မျက်စိထဲသဲနဲ့ပက်လိုက်သလိုပါပဲ မြင်နေတွေ့နေရတယ် ကိုယ်တွေ နှစ်တစ်ရာနေ့ပွဲလေးတောင်မှ သီချင်းလာဆိုသွားတယ် ဂုဏ်ဆိုတဲ့ သီချင်းလေးကို ဆိုရင်းကနေ သူတုံးလုံးလဲကျသွားတာလေးက သူ့အတွက် အတိတ်နိမိတ်လိုဖြစ်သွားတဲ့အတွက် ကိုယ်တွေလည်း ရင်ထဲမှာ မခံစားနိုင်ဘူး

သူလုပ်ပြသွားတာကတော့ အိုက်တင်ပါ အိုက်တင်အနေနဲ့က သူက မူးပြီးတော့ ငွေတွေသုံးတယ် ဖြုန်းတယ် ဘာညာဆိုပြီးတော့ မူးပြီးလဲသွားတဲ့ အိုက်တင်ပါ သူက အပြည့်အဝလုပ်ပြသွားလိုက်တာ အဲ့ဒါကြီးက သူ့အတွက် နိမိတ်လို ဖြစ်သွားတဲ့အတွက်ကြောင့်

ကိုယ်တွေမခံစားနိုင်တာပါ ဗုဒ္ဒဘာသာဝင်တွေတော်တော်များများကတော့ ဒီအတိတ်နိမိတ်ဆိုတာကို ယုံကြည်ကြတာပေါ့ ဒါပေမယ့် သိပ်ပြီးတော့ Serious တော့ မထားပါဘူး ဒီလိုပဲပေါ့ သြော်ရှိတတ်ပါလားဆိုတာလောက်ပါပဲ” လို့ ဦးဝင်းမြိုင်က ပြောပြလာခဲ့တာဖြစ်ပါတယ်

ဦးဝင်းမြိုင်ကတော့ ဦးရန်ပိုင်စိုး မဆုံးခင်က သေမယ်ဆိုတာ နိမိတ်ပြသွားတဲ့အကြောင်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ဦးရန်ပိုင်စိုး လဲကျသေဆုံးသွားဟန်သရုပ်ဆောင်ခဲ့တဲ့ သီချင်းဗီဒီယိုလေးကိုလည်း ထည့်သွင်းဖော်ပြလိုက်ပါတယ် ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်း မျှဝေခဲ့ကြပါအုန်းနော်.

Shwe Yaung Myanmar