ထက်ထက်မိုးဦးနဲ့ မိသားစုဘဝလေး ပြန်လည်ပေါင်းစည်းချင်တယ်ဆိုတဲ့ ပရိသတ်တွေရဲ့စကားအပေါ် ပြန်လည်တုံ့ပြန်ခဲ့တဲ့ စိုင်းလွှမ်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Sai Hlwan’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ထက်ထက်မိုးဦးနဲ့ မိသားစုဘဝလေး ပြန်လည်ပေါင်းစည်းချင်တယ်ဆိုတဲ့ ပရိသတ်တွေရဲ့စကားအပေါ် ပြန်လည်တုံ့ပြန်ခဲ့တဲ့ စိုင်းလွှမ်း

ဇူးမြတ်ထက်လို့လည်း ပရိသတ်တွေသိထားကြတဲ့ သရုပ်ဆောင်၊ အဆိုတော် စိုင်းလွှမ်းကတော့ (၂၀၀၉) ခုနှစ်က နိုင်ငံကျော် မင်းသမီး ထက်ထက်မိုးဦးနဲ့ လက်ထပ်ခဲ့ပြီး စစ်လွန်းဝတီထက်ဆိုတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်မှုတွေကြောင့် စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦးက တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ပြီး သမီးလေး စစ်လွန်းဝတီထက်ကိုတော့ ဖခင်ဖြစ်သူ စိုင်းလွှမ်းက ဆက်လက်စောင့်ရှောက်နေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ သမီးလေး စစ်လွန်းဝတီထက်ကို ချစ်တဲ့စိတ်နဲ့ မိသားစုဘဝလေး ပြန်လည်ပေါင်းစည်းချင်တယ်ဆိုပြီး စိုင်းလွှမ်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ရာ စိုင်းလွှမ်းက “မသိတဲ့သူတွေကတော့ ဒီလိုစိတ်မျိုး ဖြစ်နေမှာပေါ့။ လူစိတ်မရှိတဲ့သူက အစ်မတို့လို စိတ်မျိုးဘယ်ရှိမလဲ? ထားလိုက်ပါ.. စေတနာရှိရင် ဘဝအဆက်ဆက် ဒီလိုမိန်းမမျိုးနဲ့ မပက်သတ်ရဖို့ပဲ ကျေးဇူးပြုပြီး ဆုတောင်းပေးပါ” ဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ သမီးလေး စစ်လွန်းဝတီထက်နဲ့ မတွေ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း သမီးလေးအကြောင်းတွေကို တသသပြောနေဆဲပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sai Hlwan’s fb
Bilie – Cele Connections