ပြုခဲ့သမျှ ကောင်းမှုအစုစုကို မေတ္တာပို့ အမျှပေးဝေနေသလို သူ့အတွက်လည်း မေတ္တာပို့ အမျှဝေပေးဖို့ ပြောလာတဲ့ ကျော်သူ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Kyaw Thu’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ပြုခဲ့သမျှ ကောင်းမှုအစုစုကို မေတ္တာပို့ အမျှပေးဝေနေသလို သူ့အတွက်လည်း မေတ္တာပို့ အမျှဝေပေးဖို့ ပြောလာတဲ့ ကျော်သူ

မင်းသားကြီး ကျော်သူကတော့ အနုပညာမှာသာမက ပရဟိတမှာလည်း စိတ်အားထက်သန်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက ပရဟိတမင်းသားကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။ ကျော်သူကတော့ အသက် (၆၀) ကျော်အရွယ်ရောက်ပြီဆိုပေမယ့် နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌတစ်ယောက်ပီပီ ကိုဗစ်ကာလမှာလည်း အိမ်မှာအနားယူခဲ့ခြင်းမရှိပဲ အပြင်ထွက်ပြီး အလုပ်လုပ်နေခဲ့တာကြောင့် Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုခံယူခံနေရတဲ့ ကျော်သူကတော့ ဘုရားတရားကိုသာ ပိုမိုအာရုံစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဦးကျော်သူက “ယနေ့ည အပြန်အလှန်ပေါ့ခင်ဗျာ။ ကျွန်တော်ပြုခဲ့သမျှကောင်းမှုအစုစုကို မေတ္တာပို့အမျှပေးဝေငှပါတယ်။ ကျွန်တော့်အားလည်း မေတ္တာပို့ အမျှဝေပေးကြပါခင်ဗျ။ မေတ္တာများခံယူပါတယ်” ဆိုပြီး သူ့အတွက်လည်း မေတ္တာပို့ အမျှဝေပေးကြဖို့ ပြောလာပါတယ်။

ကျော်သူကတော့ ဆေးကုသမှုခံယူနေစဉ်ကာလမှာ ဘုရား တရားနဲ့ ဘာသာရေးကို အချိန်ပေးလုပ်ကိုင်ရင်း အေးအေးဆေးဆေးလေးသာ ဖြတ်သန်းနေလျက်ရှိပါတယ်။ ပရိသတ်ကြီးကလည်း ကျော်သူတစ်ယောက် အမြန်ဆုံး နေကောင်းသက်သာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections