ကိုယ်ကျိုးအတွက်မပါပဲ Covid အတွက် လိုအပ်တဲ့စက်တွေဝယ်နိုင်ဖို့ အလှူခံတဲ့ လင်းလင်းနဲ့ချစ်သုဝေထံ အလှူငွေ (၁၀) သိန်း လှူဒါန်းပေးခဲ့တဲ့ မိစန္ဒီ
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source: Mi Sandi’s fb
Unicode ဖြင့်ဖတ်ပါ
★★★★★
ကိုယ်ကျိုးအတွက်မပါပဲ Covid အတွက် လိုအပ်တဲ့စက်တွေဝယ်နိုင်ဖို့ အလှူခံတဲ့ လင်းလင်းနဲ့ချစ်သုဝေထံ အလှူငွေ (၁၀) သိန်း လှူဒါန်းပေးခဲ့တဲ့ မိစန္ဒီ
မွန်တိုင်းရင်းသူ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ မိစန္ဒီကတော့ Rap သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုတတ်ပြီး လူငယ်ပရိသတ်တွေရဲ့ ဝန်းံအားပေးခြင်းကို အခိုင်အမာရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ မိစန္ဒီကတော့ လူငယ်အဆိုတော်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ် ပေ့ါပေါ့ပါးပါးသာ နေထိုင်တတ်သူမို့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းမှာပါ လူချစ်လူခင်ပေါများတာပဲ ဖြစ်ပါတယ်။
စိတ်ထားကောင်းပြီး အလှူအတန်းမှာလည်း လက်မနှေးတဲ့ မိစန္ဒီက ဒီတစ်ခေါက်မှာလည်း ကိုယ်ကျိုးအတွက်မပါပဲ Covid အတွက် လိုအပ်တဲ့စက်တွေဝယ်နိုင်ဖို့ အလှူခံတဲ့ ချစ်သုဝေနဲ့ လင်းလင်းအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ မိစန္ဒီက “အစ်မနဲ့အစ်ကို တို့ live လုပ်ပြီးအလှူခံနေတာ ၄နာရီ ကျော်နေပါပြီ။ ကိုယ်တတ်နိုင်သလောက်အားလုံး ဝိုင်းလှူကြပါနော်.. Covid အတွက် တကယ်လိုအပ်တဲ့ စက်တွေ အတွက် အလှူခံတာပါ။ မိစန္ဒီလည်း အခုပဲ ၁၀သိန်း အလှူငွေထည့်လိုက်ပါတယ်။ ကိုယ်နိုင်သလောက်လေးပေါ့ သာဓုခေါ်ရင်း အတူတူလှူရအောင်နော် ” ဆိုပြီး သူမရဲ့ အလှူလေးကို ပီတိဖြစ်စွာ ပြောလာပါတယ်။
မိစန္ဒီကတော့ Covid-19 ထိန်းချုပ်ကာကွယ် ကုသရေးလုပ်ငန်းစဉ်များအတွက် အလှူအတန်းတွေများစွာ ပြုလုပ်ခဲ့သလို အခုထပ်မံပြီးလည်း အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ အလှူလေးမှာ ထပ်မံပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိစန္ဒီရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Mi Sandi’s fb
Bilie – Cele Connections