Covid-19 ရောဂါပိုးရှိသူ မိသားစုဝင်တွေနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် Hotel မှာ Swab Test စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ မြတ်နိုးအေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

Covid-19 ရောဂါပိုးရှိသူ မိသားစုဝင်တွေနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် Hotel မှာ Swab Test စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ မြတ်နိုးအေး

တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မြတ်နိုးအေးကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ “ည”၊ “သူစိမ်းအိမ်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ မြတ်နိုးအေးကတော့ လက်ရှိမှာလည်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အနုပညာလောကမှာ နေရာတစ်နေရာ ရရှိနိုင်ဖို့ ကြိုးစားနေသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြတ်နိုးအေးက သူမရဲ့ အမေနဲ့ အဖိုးတို့ Covid-19 ရောဂါကူးစက်ခံခဲ့ရတာမို့ သူမကိုယ်တိုင်လည်း Hotel Quarantine ဝင်နေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြတ်နိုးအေးက Hotel မှာ ဒီနေ့ Swab Test ပြုလုပ်ခဲ့ပြီဆိုတဲ့အကြောင်းကို “Hotel မှာ ဒီနေ့ swab စစ်လိုက်ပါပြီ အဖြေက ညမှ သိရမယ်ဆိုတော့ Wish us luck ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

မြတ်နိုးအေးကတော့ သူမကိုယ်တိုင်လည်း ရောဂါကူးစက်မှု ရှိ၊ မရှိ စိတ်လှုပ်ရှား ရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြတ်နိုးအေးရဲ့ ဆေးစစ်ချက်အဖြေ ကောင်းမွန်စေဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Myat Noe Aye – မြတ်နိုးအေး’s fb
Bilie – Cele Connections