Covid-19 ရောဂါကူးစက်ခံနေရချိန်မှာ ရောဂါလက္ခဏာတွေ ခံစားနေရသေးပေမယ့် တဖြည်းဖြည်း သက်သာလာခဲ့ပြီဆိုတဲ့ Dora Alex

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Dora Alex’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

Covid-19 ရောဂါကူးစက်ခံနေရချိန်မှာ ရောဂါလက္ခဏာတွေ ခံစားနေရသေးပေမယ့် တဖြည်းဖြည်း သက်သာလာခဲ့ပြီဆိုတဲ့ Dora Alex

အဆိုတော် Alex ရဲ့ သမီးရင်းဖြစ်သူ Dora Alex ကတော့ ဖခင်ဖြစ်သူရဲ့ ဂီတအမွေတွေကို လက်ဆင့်ကမ်းနိုင်ခဲ့သူဖြစ်ပြီး သူမရဲ့ ပထမဦးဆုံး “First Things Frist” ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ Dora Alex ရဲ့ “First Things Frist” တစ်ခွေလုံးက အင်္ဂလိပ်ဘာသာစကားနဲ့ သီဆိုခဲ့ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို အထိုက်အလျောက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Dora Alex ကတော့ ဆယ်ကျော်သက်အရွယ် ပညာသင်ယူနေဆဲအချိန်မို့လို့ အနုပညာတွေတစ်ဖက်နဲ့ မပြီးဆုံးသေးတဲ့ ပညာရေးကို ဆက်လက်သင်ကြားနေရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မိသားစုနဲ့ ခွဲခွာပြီး ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းသွားတက်နေတဲ့ Dora Alex က မမျှော်လင့်ပဲ Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Dora Alex က Covid-19 ရောဂါကူးစက်ခံနေရချိန်မှာ ရောဂါလက္ခဏာတွေ ခံစားနေရသေးပေမယ့် တဖြည်းဖြည်း သက်သာလာခဲ့ပြီဆိုတဲ့အကြောင်းကို သူ့မရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ Live လွှင့်ပြီး ပြသလာပါတယ်။

Dora Alex ကတော့ တဖြည်းဖြည်း သက်သာလာခဲ့ပြီဆိုပေမယ့် ရောဂါပိုးက ရှိနေဆဲမို့ ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Dora Alex လေး အမြန်ဆုံး နေကောင်းသက်သာဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Dora Alex’s fb
Bilie – Cele Connections