ပရဟိတအလုပ်တွေကိုအတူလုပ်ကိုင်နေတဲ့ အစ်ကိုဖြစ်သူဝေဠုကျော်အား ရိုသေစွာသီတင်းကျွတ်ကန်တော့ခဲ့တဲ့ အောင်သော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:Aung Thaw

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်ဝေဠုကျော်နဲ့အောင်သော်တို့ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့အနုပညာရှင်တွေပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့အနုပညာအလုပ်တွေကိုတွဲဖက်လုပ်ကိုင်လျက်ရှိသလို လတ်တလောဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါတွေနဲ့ပတ်သက်ပြီးတော့လည်း လိုအပ်တဲ့နေရာတွေမှာပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဝေဠုကျော်နဲ့အောင်သော်ဟာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းကျန်းမာရေးရဲ့ကွပ်ကဲမှုနဲ့အတူနိုင်သ၍ ဝိုင်းကူခဲ့တာခုဆိုရင်(၇)လနီးပါးရှိနေပြီလို့သိရပါတယ်။ ဒီနေ့မှာတော့သရုပ်ဆောင်အောင်သော်က သီတင်းကျွတ်နားနီးလာပြီမို့အစ်ကိုတစ်ယောက်လိုချစ်ခင်ရတဲ့ ဝေဠုကျော်အားရိုသေစွာကန်တော့ခဲ့တယ်လို့သိရပါတယ်။ အဲဒီအကြောင်းလေးကိုတော့အောင်သော်က

“သီတင်းကျွတ်ရောက်တော့မယ်ဆိုတော့။ ကိုဝေကိုကန်တော့တာppeလက်ဆောင်ပြန်ပေးမယ်ဆိုတော့ဘယ်ရမလဲppeဖိုးဘဲတောင်းပြီးပြန်လာတာပေါ့။ ဟီးဟီး”ဆိုတဲ့စာသားနဲ့အတူ ဝေဠုကျော်အားရိုသေစွာကန်တော့ခဲ့တဲ့ပုံရိပ်လေးတွေကို အောင်သော်ကဖော်ပြပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။