မမျှော်လင့်ဘဲ ချစ်သူခင်လွှမ်းမှာ ကိုယ်ဝန်လေးဆောင်ထားရပြီးဖြစ်ကြောင်း ပျော်ရွှင်စွာမျှဝေလာတဲ့ စည်ဖြိုး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အမ်ားတကာအားက်ရတဲ့အခ်စ္ေရးကို ပိုင္ဆိုင္ထားသလို အလႉအတန္းရက္ေရာလြန္းတဲ့ စည္ၿဖိဳးတို႔မိသားစုေလးအတြက္ ဒီေန႔မွာ သတင္းေကာင္းေလးတစ္ခုရွိေနၿပီျဖစ္ေၾကာင္း မွ်ေဝလာပါတယ္။ အဲ့ဒါကေတာ့ စည္ၿဖိဳးရဲ႕ခ်စ္ရသူေလးခင္လႊမ္းဆီမွာ ကိုယ္ဝန္ေဆာင္ထားရတဲ့ သတင္းေလးပဲ ျဖစ္ပါတယ္။

စည္ၿဖိဳးနဲ႔ခင္လႊမ္းတို႔ကေတာ့ အလႉအတန္းလုပ္လည္းအတူ စီးပြားေရးလုပ္လည္းအတူ စိတ္တူကိုယ္တူခ်စ္သူေတြျဖစ္ၾကသလို မၾကာေတာ့မယ့္အခ်ိန္တစ္ခုမွာ မဂၤလာေဆာင္ဖို႔ စီစဥ္ထားၾကသူေတြပါ။ မိခင္ျဖစ္သူေဒၚသီသီဝင္းကေတာ့ စည္ၿဖိဳးရဲ႕႐ုပ္ရွင္ဇာတ္ကားေတြ ထြက္ၿပီးခ်ိန္မွာ မဂၤလာေဆာင္ပြဲေလးလုပ္ဖို႔ စီစဥ္ထားေပမယ့္ ကိုဗစ္ေၾကာင့္ အရာရာေနာက္ဆုတ္ခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ မိသားစုအတြက္ ပထမဆုံးေျမးဦးေလးရရွိေတာ့မွာမို႔ အန္တီေဒၚသီသီဝင္းကိုယ္တိုင္လည္း သားႀကီးဆီကသတင္းေကာင္းေလးကို ေပ်ာ္႐ႊင္စြာမွ်ေဝခဲ့သလို စည္ၿဖိဳးကိုယ္တိုင္လည္း မေမွ်ာ္လင့္ဘဲ ရခဲ့တဲ့ကိုယ္ဝန္ေလးကို အံ့ၾသဝမ္းသာမိေၾကာင္း ပရိသတ္ႀကီးကို မွ်ေဝလာပါတယ္။ မိသားစုအတြင္းမွာ ပထမဆုံးမ်ိဳးဆက္သစ္ေလး ရရွိေတာ့မယ့္ စည္ၿဖိဳးတို႔မိသားစုအတြက္ ဝမ္းသာစကားေလးေျပာခဲ့ပါဦးေနာ္။

credit-cele gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

အများတကာအားကျရတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားသလို အလှူအတန်းရက်ရောလွန်းတဲ့ စည်ဖြိုးတို့မိသားစုလေးအတွက် ဒီနေ့မှာ သတင်းကောင်းလေးတစ်ခုရှိနေပြီဖြစ်ကြောင်း မျှဝေလာပါတယ်။ အဲ့ဒါကတော့ စည်ဖြိုးရဲ့ချစ်ရသူလေးခင်လွှမ်းဆီမှာ ကိုယ်ဝန်ဆောင်ထားရတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။

စည်ဖြိုးနဲ့ခင်လွှမ်းတို့ကတော့ အလှူအတန်းလုပ်လည်းအတူ စီးပွားရေးလုပ်လည်းအတူ စိတ်တူကိုယ်တူချစ်သူတွေဖြစ်ကြသလို မကြာတော့မယ့်အချိန်တစ်ခုမှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားကြသူတွေပါ။ မိခင်ဖြစ်သူဒေါ်သီသီဝင်းကတော့ စည်ဖြိုးရဲ့ရုပ်ရှင်ဇာတ်ကားတွေ ထွက်ပြီးချိန်မှာ မင်္ဂလာဆောင်ပွဲလေးလုပ်ဖို့ စီစဉ်ထားပေမယ့် ကိုဗစ်ကြောင့် အရာရာနောက်ဆုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ မိသားစုအတွက် ပထမဆုံးမြေးဦးလေးရရှိတော့မှာမို့ အန်တီဒေါ်သီသီဝင်းကိုယ်တိုင်လည်း သားကြီးဆီကသတင်းကောင်းလေးကို ပျော်ရွှင်စွာမျှဝေခဲ့သလို စည်ဖြိုးကိုယ်တိုင်လည်း မမျှော်လင့်ဘဲ ရခဲ့တဲ့ကိုယ်ဝန်လေးကို အံ့သြဝမ်းသာမိကြောင်း ပရိသတ်ကြီးကို မျှဝေလာပါတယ်။ မိသားစုအတွင်းမှာ ပထမဆုံးမျိုးဆက်သစ်လေး ရရှိတော့မယ့် စည်ဖြိုးတို့မိသားစုအတွက် ဝမ်းသာစကားလေးပြောခဲ့ပါဦးနော်။