ကွယ်လွန်သူအဆိုတော်မီးမီးခဲအားရည်စူးပြီး တတ်နိုင်သလောက်ကောင်းမှုကုသိုလ်တွေပြုလုပ်နေတဲ့ ကော်နီနဲ့မီမီဝင်းဖေ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:Connie

Unicode ဖြင့်ဖတ်ပါ
★★★★★

ဂီတလောကမှာပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့အဆိုတော်ကော်နီနဲ့မီမီဝင်းဖေကိုတော့ ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူတို့နှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက် ညီအစ်မအရင်းတွေလိုချစ်ခင်ကြပြီး အနုပညာအလုပ်တွေလည်းတွဲဖက်လုပ်ကိုင်လျက်ရှိပါတယ်။ ဒါ့အပြင်ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာလည်း အတွဲညီညီနဲ့လက်မနှေးဘဲမကြာခဏပြုလုပ်လေ့ရှိပါတယ်။

လက်ရှိမှာလည်းကော်နီနဲ့မီမီဝင်းဖေက မကြာသေးခင်ရက်ပိုင်းကကွယ်လွန်သွားတဲ့ ညီအစ်မလိုချစ်ရသူအဆိုတော်မီးမီးခဲအားရည်စူးပြီး ဆရာတော်အားဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေးတို့ကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ သူမတို့နှစ်ယောက်ရဲ့အလှူလေးကိုတော့ အဆိုတော်ကော်နီက”ချစ်ရတဲ့,ညီမလေး,မီးမီးခဲ,အတွက်,ရည်စူးလို့,တတ်စွမ်းနိုင်သလောက်,မမီနှင့်မကော်,အလှုဒါနပြု,အမျှဝေခဲ့ပါတယ်ရှင်

ကုသိုလ်,အမျှအမျှအမျှ ရောက်လေရာဘုံဘဝမှာအေးချမ်းသာယာရှိပါစေ,သမီး,မီးမီးခဲရေ”ဆိုပြီး ရေးသားကာ(၇)ရက်သားမီးအပေါင်းလည်းသာဓုခေါ်လို့ရအောင် အလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။