မီးမီးခဲရဲ့ခန္ဓာကိုယ်ကို နောက်ဆုံးနှုတ်ဆက်အပ်နှံခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းစွာပြောဆိုလာတဲ့ ခင်ပွန်းဖြစ်သူ Brice

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လြန္ခဲ့တဲ့ (၁၀) ရက္ကပဲ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တဲ့ အဆိုေတာ္မီးမီးခဲေၾကာင့္ ပရိသတ္ေတြလည္း မ်ားစြာစိတ္မေကာင္းျဖစ္ခဲ့ၾကမွာပါ။ ႏိုင္ငံျခားရပ္ျခားမွာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုဘဝေလး တည္ေဆာက္ႏိုင္ခဲ့သလို ေနာက္ဆုံးအေနနဲ႔လည္း ျမန္မာျပည္က ပရိသတ္ေတြအတြက္ တစ္ကိုယ္ေတာ္ရႈိးပြဲေလးလုပ္သြားေပးႏိုင္ခဲ့တဲ့ မီးမီးခဲကေတာ့ ေလာကႀကီးက ေစာေစာထြက္ခြာသြားခဲ့ရေပမယ့္လည္း သူ႔ကို ေမ့မရႏိုင္မယ့္သူေတြေတာ့ အမ်ားႀကီးက်န္ရွိေနခဲ့မွာ အမွန္ပါ။

ဒီေန႔မွာေတာ့ မီးမီးခဲရဲ႕ခႏၶာကိုယ္ကို ႏႈတ္ဆက္အပ္ႏွံခဲ့ၿပီျဖစ္ေၾကာင္း ခင္ပြန္းျဖစ္သူ Brice ကမွ်ေဝခဲ့ပါတယ္။ အားလုံး ခ်စ္ရတဲ့ မီးမီးခဲဟာ ေအာက္တိုဘာလ (၁၆)ရက္ေန႔မွာ ဘုရားရွင္ရဲ႕ ရင္ခြင္ေတာ္သို႔ ျပန္လည္‌ေခၚယူေတာ္မူျခင္းကို ခံစားခဲ့ရပါတယ္…ဒီေန႔ ေအာက္တိုဘာလ (၂၆)ရက္ေန႔မွာေတာ့ ကြၽန္ေတာ္တို႔မိသားစုဝင္မ်ား သူ႔ရဲ႕ ကိုယ္ခႏၶာကို ေနာက္ဆုံး ႏႈတ္ဆက္ျခင္းႏွင့္အတူ ဆုေတာင္းဆက္ကပ္အပ္ႏွံျခင္းအစီစဥ္ကို ျပဳလုပ္ခဲ့ပါတယ္ ဆိုၿပီး မီးမီးခဲရဲ႕ ေဖ့ဘြတ္ခ္ေပ့ခ်္ကေနတဆင့္ မွ်ေဝလာပါတယ္။

ဒါ့အျပင္ ကြၽန္ေတာ္တို႔မိသားစုရဲ႕ ဝမ္းနည္းဆုံးအခ်ိန္မွာ ဆုေတာင္းေပးျခင္း အားေပးျခင္း ႏွင့္ အဖက္ဖက္မွကူညီေပးေသာသူမ်ား… လာေရာက္ေမတၱာျပေပးေသာ သူမ်ား ႏွင့္ ပရိသတ္မ်ား အားလုံးကို အထူးေက်းဇူးတင္ပါတယ္…အေယာက္စီတိုင္းကို ဘုရားသခင္ေကာင္းခ်ီးေပးပါေစ ဆိုၿပီးေတာ့လည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ မီးမီးခဲရဲ႕ခႏၶာကိုယ္ကို ေနာက္ဆုံးႏႈတ္ဆက္ခဲ့ၾကတဲ့ မိသားစုဝင္ေတြရဲ႕ပုံရိပ္ေလးကေတာ့ ကတယ္ကို ေၾကကြဲဝမ္းနည္းစရာပါပဲ ပရိသတ္ႀကီးေရ

credit-cele gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

လွန်ခဲ့တဲ့ (၁၀) ရက်ကပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်မီးမီးခဲကြောင့် ပရိသတ်တွေလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ကြမှာပါ။ နိုင်ငံခြားရပ်ခြားမှာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေး တည်ဆောက်နိုင်ခဲ့သလို နောက်ဆုံးအနေနဲ့လည်း မြန်မာပြည်က ပရိသတ်တွေအတွက် တစ်ကိုယ်တော်ရှိုးပွဲလေးလုပ်သွားပေးနိုင်ခဲ့တဲ့ မီးမီးခဲကတော့ လောကကြီးက စောစောထွက်ခွာသွားခဲ့ရပေမယ့်လည်း သူ့ကို မေ့မရနိုင်မယ့်သူတွေတော့ အများကြီးကျန်ရှိနေခဲ့မှာ အမှန်ပါ။

ဒီနေ့မှာတော့ မီးမီးခဲရဲ့ခန္ဓာကိုယ်ကို နှုတ်ဆက်အပ်နှံခဲ့ပြီဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ Brice ကမျှဝေခဲ့ပါတယ်။ အားလုံး ချစ်ရတဲ့ မီးမီးခဲဟာ အောက်တိုဘာလ (၁၆)ရက်နေ့မှာ ဘုရားရှင်ရဲ့ ရင်ခွင်တော်သို့ ပြန်လည်‌ခေါ်ယူတော်မူခြင်းကို ခံစားခဲ့ရပါတယ်…ဒီနေ့ အောက်တိုဘာလ (၂၆)ရက်နေ့မှာတော့ ကျွန်တော်တို့မိသားစုဝင်များ သူ့ရဲ့ ကိုယ်ခန္ဓာကို နောက်ဆုံး နှုတ်ဆက်ခြင်းနှင့်အတူ ဆုတောင်းဆက်ကပ်အပ်နှံခြင်းအစီစဉ်ကို ပြုလုပ်ခဲ့ပါတယ် ဆိုပြီး မီးမီးခဲရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကနေတဆင့် မျှဝေလာပါတယ်။

ဒါ့အပြင် ကျွန်တော်တို့မိသားစုရဲ့ ဝမ်းနည်းဆုံးအချိန်မှာ ဆုတောင်းပေးခြင်း အားပေးခြင်း နှင့် အဖက်ဖက်မှကူညီပေးသောသူများ… လာရောက်မေတ္တာပြပေးသော သူများ နှင့် ပရိသတ်များ အားလုံးကို အထူးကျေးဇူးတင်ပါတယ်…အယောက်စီတိုင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ ဆိုပြီးတော့လည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ မီးမီးခဲရဲ့ခန္ဓာကိုယ်ကို နောက်ဆုံးနှုတ်ဆက်ခဲ့ကြတဲ့ မိသားစုဝင်တွေရဲ့ပုံရိပ်လေးကတော့ ကတယ်ကို ကြေကွဲဝမ်းနည်းစရာပါပဲ ပရိသတ်ကြီးရေ