သူ့မျက်နှာကို ပလတ်စတစ်ဆာဂျရီလုပ်ထားတယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ဖြေရှင်းလိုက်တဲ့ ရန်အောင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★

*အောက်တွင်ယူနီကုတ်ဖြင့်ဖော်ပြထားပါသည်။








Shwe Yaung Myanmar

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုးရီးယားမှာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အပေါ် လုံးဝမဟုတ်ကြောင်း ဖြေရှင်းလိုက်တဲ့ ရန်အောင်

င်းသားကြီး ရန်အောင်ကိုတော့ ပရိတ်သတ်နဲ့ အထူးမိတ်ဆက်ပေးစရာမလိုအောင် အားလုံးသိပြီး ဖြစ်ကြမှာပါနော်။ အခုချိန်ထိ လူပျိုကြီး ဘဝနဲ့ ဖြတ်သန်းနေတဲ့ ရန်အောင်ကတော့ အကယ်ဒမီ ဆုများစွာကို ရရှိထားတဲ့သူဖြစ်ပြီး အခုချိန်ထိလည်း တက်သစ်စတွေ လေးစားအားကျ အတုယူရတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေသူပါ။

ယခုရက်ပိုင်းမှာတော့ ရန်အောင်ဟာ သူ့ရဲ့မျက်နှာကို ခွဲစိတ်ပြုပြင်ထားတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး ဒီသတင်းကို မီဒီယာတွေနဲ့တွေ့ဆုံရမှာ ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်

ရန်အောင်က “အသားအရေကောင်းဖို့ Collagen သောက်ပါဆိုရင်တော့ သောက်တယ် မျက်နှာမှာတော့ ခွဲစိတ်ထားတယ်ဆိုတာတော့ မဟုတ်ပါဘူး ပရိသတ်တွေအထင်လွဲနေတာပါ ကျွန်တောကိုရီးယားသွားပြီး Surgery လုပ်တယ်ပြောတယ် ကျွန်တော် Korea တော့သွားတယ် Surgery မလုပ်ဘူး စိုးစိုးနဲ့အတူတူသွားတာပေါ့ ဒါပေမယ့်စိုးစိုးလုပ်တယ် ကျွန်တော်မလုပ်ဘူး

အမှန်တကယ်ကလုပ်ဖို့သွားတာပဲမလုပ်ဖြစ်ခဲ့တာ
ဟိုရောက်တော့ ဓာတ်ပုံတွေဘာတွေရိုက်ပြီးမှ ကျွန်တော်မလုပ်ချင်တော့လို့ ငြင်းခဲ့တာပါ စိုးစိုးကတော့ လုပ်ဖြစ်တယ် ခွဲပြီးထွက်လာတော့ ကမ္ဘာပျက်နေတာပဲ အရမ်းတော့လည်းမနာပါဘူး သူကိုယ်က နာတတ်တာလည်းပါတယ် သူတို့ဆီမှာကတော့ မိန်းကလေးတွေကားမောင်းလာတယ် ခွဲပြီးရင် သူတို့ကားသူတို့ကားမောင်းပြီး ပြန်ထွက်သွားတယ်

စိုးစိုးကတော့ အပ်မြင်ရင်ကို အော်နေတာဆိုတော့
အဲ့လောက်ကြီးဆိုတော့သွားတာပဲ ကျွန်တော်ကတော့ မလုပ်ဖြစ်ခဲ့ပါဘူး မျက်နှာအသားအရေဆွဲတင်တာမျိုးတော့ လုပ်ဖြစ်တယ် လေးငါးခြောက်လတခါလောက်ပေါ့ အဲ့ဒါတောင်မလုပ်ဖြစ်တာတစ်နှစ်ကျော်ပြီ Facial Treatment တော့ လုပ်ဖြစ်ပါတယ်

အသားအရေထိန်းသိမ်းတာမျိုးပေါ့ သူတို့ပေးတဲ့ ဆေးတွေလည်း လိမ်းဖြစ်ပါတယ် ကျန်တာတော့ ဘာမှမလုပ်ထားပါဘူး”. လို့ ပြောပြလာခဲ့တာပဲဖြစ်ပါတယ်

ရန်အောင်ကတော့ ကိုးရီးယားမှာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့အပေါ် လုံးဝမဟုတ်ကြောင်း ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်နော်

Shwe Yaung Myanmar