Live Sale ကရတဲ့အနုပညာကြေးလေးတွေနဲ့ လာမယ့်သောကြာနေ့မှာအောက်စီဂျင်စက်တွေလှူဒါန်းပေးသွားမည့် အေးမြတ်သူ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:Aye Myat Thu

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်အေးမြတ်သူကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ဇာတ်ကောင်ရဲ့ကာရိုက်တာအတိုင်း ဟာကွက်မရှိအောင်သရုပ်ဆောင်နိုင်ပြီး အကောင်းဆုံးအကယ်ဒမီဆုကိုလည်းထိုက်ထိုက်တန်တန်နဲ့သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ အေးမြတ်သူဟာပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူတစ်ယောက်ဖြစ်သလို

အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်းဖော်ဖော်ရွေရွေဆက်ဆံတတ်သူတစ်ယောက်ပါ။ ဒါ့အပြင်သူမကစိတ်သဘောထားလည်းဖြူစင်ပြီး တတ်နိုင်သလောက်အလှူအတန်းတွေလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်။ လတ်တလောမှာတော့အေးမြတ်သူဟာ ကိုဗစ်ရောဂါတွေကြောင့်ရိုက်ကူးရေးတွေကိုရပ်နားထားခဲ့ပြီး အွန်လိုင်းကတစ်ဆင့်စိန်ထည်ပစ္စည်းလေးတွေကိုရောင်းချပေးနေတာဖြစ်ပါတယ်။

အဆိုပါLive Sale ကရတဲ့အနုပညာကြေးလေးတွေကိုတော့ လာမယ့်သောကြာနေ့မှာအောက်စီဂျင်စက်တွေလှူဒါန်းပေးသွားမည့်အကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်ရသူတွေအားလုံးကြိုတင်ကုသိုလ်စိတ်နဲ့မုဒိတာပွားနိုင်ရန်ဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။