သူမနာမည်နဲ့ အကောင့်တုဖွင့်ပြီး စိန်ဆိုင်Live တွေမှာလိုက်လံဝယ်ယူနေကြောင်း သတိပေးလာတဲ့ ဝေလာရီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source :Wai lar Ri
Emily (Cele Gabar)

Unicode ဖြင့်ဖတ်ပါ
★★★★★

တက်သစ်စ သရုပ်ဆောင်မင်းသမီးချောလေး ဝေလာရီကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ပရိသတ်အချစ်တော် တေးသံရှင် လိမ္မော်သီးရဲ့ညီမလေးဖြစ်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှု မှန်သမျှကို ပရိသတ်တွေကိုမျှဝေပေးနေတဲ့သူလေးပါ ။

လတ်တလောမှာတော့ သူမနာမည်နဲ့ အကောင့်တုဖွင့်ပြီး စိန်ဆိုင် Live တွေမှာ လိုက်မှာနေတဲ့အတွက် Report ထုပေးဖို့ပရိသတ်တွေကို တောင်းဆိုလာခဲ့ပါတယ် ။ ဘယ်စိန်ဆိုင်မှာမှ မမှာဘူးပါဘူးနော် … ကိုယ်ရောင်းတဲ့ ဆိုင်မှာပဲ ဝယ်ပါတယ် ရှင့် … အကောင့်တုတွေ သတိထားပေးပါဦးနော် လို့ ပရိသတ်တွေကို အသိပေးခဲ့ပြီး သူမက လက်ရှိသုံးနေတဲ့အကောင့်နဲ့ Wai Lar Ri – ဝေလာရီ page ရယ် ၊ J & W Clothing ရယ်ပဲ ရှိပါတယ် လို့ ရေးသားဖော်ပြခဲ့ပါတယ် ။

ကျန်တာ အကုန်အကောင့်အတုတွေဖြစ်ပြီး အခုလို အကောင့်အတုနဲ့ လိုက်လံဝယ်ယူနေကြောင်း သတင်းပေးတဲ့ မိတ်ဆွေ သူငယ်ချင်းများ ကိုလည်းကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ် ။ ပရိသတ်ကြီးလည်း အကောင့်အတုနဲ့အစစ်မမှားစေဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ။

Source :Wai lar Ri
Emily (Cele Gabar)