မိဘနှစ်ပါးကိုရိုသေစွာသီတင်းကျွတ်ကန်တော့ရင်း ငယ်ဘဝလေးကိုတောင်ပြန်ပြီးသတိရမိတယ်ဆိုတဲ့ စိုးမြတ်သူဇာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဝါရင့္အႏုပညာရွင္မင္းသမီးေခ်ာႀကီးတစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္အကယ္ဒမီစိုးျမတ္သူဇာကိုေတာ့ ပရိသတ္ေတြအကုန္လုံးလည္းသိေလာက္မယ္ထင္ပါတယ္။ ပရိသတ္ေတြကေတာ့သူမကို မႀကီးစိုးလို႔ခ်စ္စႏိုးေခၚၾကၿပီး ညီအစ္မ(၄)ေယာက္အနက္အႀကီးဆုံးျဖစ္ပါတယ္။ သူမကေတာ့အႏုပညာအလုပ္ေတြအျပင္ ညီအစ္မေတြျဖစ္တဲ့စိုးျမတ္နႏၵာ၊စိုးျပည့္သဇင္၊စႏၵီျမင့္လြင္တို႔နဲ႔အတူပူးေပါင္ၿပီး “မင္းသမီး”ပိုးထည္တိုက္ကိုဖြင့္လွစ္ထားခဲ့ပါတယ္။

လတ္တေလာမွာေတာ့မႀကီးစိုးက ႐ိုက္ကူးေရးေတြကိုရပ္နားထားခဲ့ရၿပီး အြန္လိုင္းကတစ္ဆင့္ေၾကာ္ျငာေလးေတြကိုလက္ခံ႐ိုက္ကူးလ်က္ရွိပါတယ္။ ဒီေန႔မွာေတာ့မႀကီးစိုးကကိုယ္ကိုယ္တိုင္လည္း အသက္ရလာၿပီဆိုေတာ့က်န္းမာေရးကို ပိုဂ႐ုစိုက္ျဖစ္သလိုသူမရဲ႕မိဘေတြအတြက္လည္း သန္စြမ္းက်န္းမာစြာေနေစခ်င္ခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္းက်န္းမာေရးအတြက္အေထာက္အကူျဖစ္တဲ့ပစၥည္းေလးေတြနဲ႔အတူ အေဖနဲ႔အေမကိုစိတ္ခ်မ္းသာကိုယ္က်န္းမာေစဖို႔ရင္ထဲကဆုေတာင္းေပးရင္းမိဘႏွစ္ပါးကို႐ိုေသစြာသီတင္းကြၽတ္ကန္ေတာ့ခဲ့ပါတယ္။

ယခုလိုမိဘေတြကိုကန္ေတာ့ရင္းမႀကီးစိုးကေတာ့ ငယ္ဘဝေလးကိုေတာင္ျပန္ၿပီးသတိရေနတယ္လို႔ဆိုပါတယ္။ မိဘေတြၾကားမွာကေလးေလးတစ္ေယာက္လိုေပ်ာ္႐ႊင္ေနတဲ့ မႀကီးစိုးတို႔မိသားစုရဲ႕ၾကည္ႏူးစရာပုံရိပ္ေလးေတြကို ပရိသတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Source:Soe Myat Thuzar

Unicode ဖြင့်ဖတ်ပါ
★★★★★

ဝါရင့်အနုပညာရှင်မင်းသမီးချောကြီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အကယ်ဒမီစိုးမြတ်သူဇာကိုတော့ ပရိသတ်တွေအကုန်လုံးလည်းသိလောက်မယ်ထင်ပါတယ်။ ပရိသတ်တွေကတော့သူမကို မကြီးစိုးလို့ချစ်စနိုးခေါ်ကြပြီး ညီအစ်မ(၄)ယောက်အနက်အကြီးဆုံးဖြစ်ပါတယ်။ သူမကတော့အနုပညာအလုပ်တွေအပြင် ညီအစ်မတွေဖြစ်တဲ့စိုးမြတ်နန္ဒာ၊စိုးပြည့်သဇင်၊စန္ဒီမြင့်လွင်တို့နဲ့အတူပူးပေါင်ပြီး “မင်းသမီး”ပိုးထည်တိုက်ကိုဖွင့်လှစ်ထားခဲ့ပါတယ်။

လတ်တလောမှာတော့မကြီးစိုးက ရိုက်ကူးရေးတွေကိုရပ်နားထားခဲ့ရပြီး အွန်လိုင်းကတစ်ဆင့်ကြော်ငြာလေးတွေကိုလက်ခံရိုက်ကူးလျက်ရှိပါတယ်။ ဒီနေ့မှာတော့မကြီးစိုးကကိုယ်ကိုယ်တိုင်လည်း အသက်ရလာပြီဆိုတော့ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်သလိုသူမရဲ့မိဘတွေအတွက်လည်း သန်စွမ်းကျန်းမာစွာနေစေချင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်းကျန်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ပစ္စည်းလေးတွေနဲ့အတူ အဖေနဲ့အမေကိုစိတ်ချမ်းသာကိုယ်ကျန်းမာစေဖို့ရင်ထဲကဆုတောင်းပေးရင်းမိဘနှစ်ပါးကိုရိုသေစွာသီတင်းကျွတ်ကန်တော့ခဲ့ပါတယ်။

ယခုလိုမိဘတွေကိုကန်တော့ရင်းမကြီးစိုးကတော့ ငယ်ဘဝလေးကိုတောင်ပြန်ပြီးသတိရနေတယ်လို့ဆိုပါတယ်။ မိဘတွေကြားမှာကလေးလေးတစ်ယောက်လိုပျော်ရွှင်နေတဲ့ မကြီးစိုးတို့မိသားစုရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။