ချင်းပြည်နယ်မှာ ပထမဆုံးဖွင့်လှစ်နိုင်ခဲ့တဲ့ ဆူရ်ဘုန်လေဆိပ်ကြောင့် အရမ်းဝမ်းသာနေတဲ့ သက်မွန်မြင့်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာႏိုင္ငံရဲ႕ဒိတ္ဒိတ္ႀကဲေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္သလို ခ်စ္သက္ဆိုၿပီးေတာ့ ပရိသတ္ေတြအခ်စ္ပိုေနရတဲ့ ခ်င္းတိုင္းရင္းသူေလးသက္မြန္ျမင့္ကေတာ့ လတ္တေလာ ခ်င္းျပည္နယ္မွာ ပထမဆုံးဖြင့္လွစ္လိုက္တဲ့ ဆူရ္ဘုန္ေလဆိပ္ေၾကာင့္ အရမ္းဝမ္းသာလြန္းလို႔ အေျပးသာျပန္လိုက္ခ်င္မိတယ္ဆိုၿပီး မွ်ေဝလာပါတယ္။

ဆူရ္ဘုန္ေလဆိပ္ကေတာ့ ျမန္မာႏိုင္ငံ ရွိတဲ့ ေလဆိပ္မ်ားအနက္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ဆုံးေလဆိပ္ျဖစ္ၿပီး တည္ေဆာက္ရာမွာ အခက္ခဲဆုံး ေလဆိပ္တစ္ခုျဖစ္႐ုံသာမက ျပည္ပပညာရွင္မပါဘဲ ႏိုင္ငံသားပညာရွင္မ်ားျဖင့္သာ တည္ေဆာက္ခဲ့တဲ့ေလဆိပ္တစ္ခုအျဖစ္ ျမန္မာႏိုင္ငံသားတိုင္း ဂုဏ္ယူရမယ့္ ေလဆိပ္တစ္ခုလည္း ျဖစ္ပါတယ္။ ခ်င္းျပည္နယ္အတြက္ ပထမဆုံးေသာ ေလေၾကာင္းဝင္ေပါက္ျဖစ္တဲ့ ဆူရ္ဘုန္ေလဆိပ္ကေတာ့ ဖလမ္းၿမိဳ႕၏ အေနာက္ေျမာက္ဘက္ (၈) မိုင္ (၅) ဖာလုံ အကြာ၊ ပင္လယ္ေရ မ်က္ႏွာျပင္ အထက္ အျမင့္ေပ (၆၀၀၀) ရွိ ဆူရ္ဘုန္ေတာင္ေၾကာတြင္ တည္ရွိၿပီး ေငြက်ပ္ ၃၅ ဒသမ ၁၉၁ ဘီလီယံ အကုန္အက်ခံတည္ေဆာက္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ေတာင္ထူထပ္ ေပါမ်ားၿပီး လမ္းပန္းဆက္သြယ္ေရးခက္ခဲတဲ့ ခ်င္းျပည္နယ္အတြက္ ဆူရ္ဘုန္ေလဆိပ္ကို တည္ေဆာက္လိုက္ျခင္းက ခ်င္းျပည္နယ္ျပည္သူလူထုအတြက္ လမ္းပန္းဆက္သြယ္ေရးလြယ္ကူသြားေစ႐ုံသာမက၊ ႏိုင္ငံျခားခရီးသားဧည့္သည္ေတြ၊ ခရီးသြားလုပ္ငန္းေတြ ပိုမိုအဆင္ေျပစြာ လာေရာက္ႏိုင္တာေၾကာင့္ ေဒသတြင္း ျပည္သူေတြရဲ႕ စီးပြားေရး၊ လူမႈေရး အစစအရာရာ အရင္ထက္ပိုၿပီး ေကာင္းမြန္လာေစေတာ့မွာ အမွန္ပါပဲ ပရိသတ္ႀကီးေရ.. ခ်င္းတိုင္းရင္းသူေလး သက္မြန္ျမင့္ကေတာ့ အခုလို မိမိတို႔ေဒသတိုးတက္ဖြံ႕ၿဖိဳးတာကို ျမင္ေတြ႕ရတာ ၾကည္ႏူးဝမ္းသာမိတာေၾကာင့္ အားလုံးကိုေက်းဇူးတင္စကားဆိုရင္း အေျပးသာျပန္လိုက္ခ်င္ေၾကာင္း မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။

Source – Thet Mon Myint, Myanmar President Office
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို ချစ်သက်ဆိုပြီးတော့ ပရိသတ်တွေအချစ်ပိုနေရတဲ့ ချင်းတိုင်းရင်းသူလေးသက်မွန်မြင့်ကတော့ လတ်တလော ချင်းပြည်နယ်မှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ဆူရ်ဘုန်လေဆိပ်ကြောင့် အရမ်းဝမ်းသာလွန်းလို့ အပြေးသာပြန်လိုက်ချင်မိတယ်ဆိုပြီး မျှဝေလာပါတယ်။

ဆူရ်ဘုန်လေဆိပ်ကတော့ မြန်မာနိုင်ငံ ရှိတဲ့ လေဆိပ်များအနက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးလေဆိပ်ဖြစ်ပြီး တည်ဆောက်ရာမှာ အခက်ခဲဆုံး လေဆိပ်တစ်ခုဖြစ်ရုံသာမက ပြည်ပပညာရှင်မပါဘဲ နိုင်ငံသားပညာရှင်များဖြင့်သာ တည်ဆောက်ခဲ့တဲ့လေဆိပ်တစ်ခုအဖြစ် မြန်မာနိုင်ငံသားတိုင်း ဂုဏ်ယူရမယ့် လေဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ ချင်းပြည်နယ်အတွက် ပထမဆုံးသော လေကြောင်းဝင်ပေါက်ဖြစ်တဲ့ ဆူရ်ဘုန်လေဆိပ်ကတော့ ဖလမ်းမြို့၏ အနောက်မြောက်ဘက် (၈) မိုင် (၅) ဖာလုံ အကွာ၊ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ (၆၀၀၀) ရှိ ဆူရ်ဘုန်တောင်ကြောတွင် တည်ရှိပြီး ငွေကျပ် ၃၅ ဒသမ ၁၉၁ ဘီလီယံ အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တောင်ထူထပ် ပေါများပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ချင်းပြည်နယ်အတွက် ဆူရ်ဘုန်လေဆိပ်ကို တည်ဆောက်လိုက်ခြင်းက ချင်းပြည်နယ်ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးလွယ်ကူသွားစေရုံသာမက၊ နိုင်ငံခြားခရီးသားဧည့်သည်တွေ၊ ခရီးသွားလုပ်ငန်းတွေ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်တာကြောင့် ဒေသတွင်း ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး အစစအရာရာ အရင်ထက်ပိုပြီး ကောင်းမွန်လာစေတော့မှာ အမှန်ပါပဲ ပရိသတ်ကြီးရေ.. ချင်းတိုင်းရင်းသူလေး သက်မွန်မြင့်ကတော့ အခုလို မိမိတို့ဒေသတိုးတက်ဖွံ့ဖြိုးတာကို မြင်တွေ့ရတာ ကြည်နူးဝမ်းသာမိတာကြောင့် အားလုံးကိုကျေးဇူးတင်စကားဆိုရင်း အပြေးသာပြန်လိုက်ချင်ကြောင်း မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source – Thet Mon Myint, Myanmar President Office
Rainbow- Cele Gabar