အကယ်ဒမီရုပ်လေး(၂)ရုပ်ကိုပြန်ကြည့်မိတိုင်း ပရိသတ်တွေအများကြီးရှိတယ်လို့တွေးပြီး အားတွေပြန်ရှိသွားတယ်ဆိုတဲ့ ထက်ထက်မိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ထက်ထက်မိုးဦးကတော့အနုပညာလောကမှာ နှစ်(၃၀)ကျော်အောင်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလက်ခံရရှိထားတဲ့ မင်းသမီးတစ်လက်ပါ။ သူမကိုတော့တစ်ချိန်ကကြော်ငြာဘုရင်မလို့တောင်တင်းစားခေါ်ခဲ့ရတဲ့အထိ ကြော်ငြာလောကမှာထိပ်တန်းရောက်ခဲ့တဲ့မင်းသမီးလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်ပြီး အကောင်းဆုံးအကယ်ဒမီဆု(၂)ကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ထက်ထက်မိုးဦးကသူမစိတ်ဓာတ်ကျအားငယ်နေတဲ့ အချိန်မှာတောင်

အကယ်ဒမီရုပ်လေး(၂)ရုပ်ကိုပြန်ကြည့်မိတိုင်း ပရိသတ်တွေအများကြီးရှိတယ်လို့တွေးပြီးအားတွေပြန်ရှိသွားတယ်လို့ယခုလိုပဲပြောပြထားခဲ့ပါတယ်။”ထက်မငိုတော့ဘူးနော်။ပရိသတ်တွေကထက်ကိုမငိုပါနဲ့တော့တဲ့ ချစ်စရာကောင်းပြီးပြုံးပြုံးလေးနေရမယ်နော်တဲ့။ ထက်လဲဘယ်ငိုချင်ပါ့မလဲဒါပေမယ့်ထက်ရဲ့ဘဝမှာအချိုးအကွေ့တွေများလွန်းတယ်။ ငိုတခါရယ်တလှည့်နဲ့တခါတလေကိုယ့်ဘဝဇာတ်လမ်း ကိုယ်ပြန်ကြည့်နေရသလိုပဲ။ ဒီအကယ်ဒမီရုပ်လေး၂ရုပ်ပြန်ကြည့်မိတိုင်း အကယ်ဒမီထက်ထက်မိုးဦးရဲ့ပရိသတ်တွေအများကြီး ရှိတယ်ဆိုပြီးတွေးလိုက်ရင်အားတွေရှိသွားရော။

အနုပညာသက်တမ်းနှစ် ၃၀ ကျော်လုံး ထက်ဘေးမှာအမြဲတမ်းရှိနေပေးခဲ့တာ အကယ်ဒမီရုပ်၂ရုပ်နဲ့ထက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်တိုင်းလက်ခံပေးနေတဲ့ပရိသတ်ပဲ။ ထက်မှာဘာမှပိုင်ဆိုင်မှုတွေမရှိတော့ရင်တောင် ထက်ပရိတ်သတ်တွေရှိနေတယ်လေနော် ဒါကဘုရားပေးတဲ့ ဆုလာဘ်တခုပေါ့။ ထက်လည်းခုထက်ပိုကြိုးစားမယ်နော်။ ထက်ကိုလည်းပိုချစ်ပေးကြပါ။ထက်ကြော်ငြာတာတွေကိုလည်းအားပေးကြပါလို့နော်”ဆိုပြီးရေးသားကာ အကယ်ဒမီဆုလေးတွေနဲ့အတူရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးထားခဲ့ပါတယ်။

Source:Htet Htet Moe Oo

Unicode ဖြင့်ဖတ်ပါ
★★★★★

ထက်ထက်မိုးဦးကတော့အနုပညာလောကမှာ နှစ်(၃၀)ကျော်အောင်ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလက်ခံရရှိထားတဲ့ မင်းသမီးတစ်လက်ပါ။ သူမကိုတော့တစ်ချိန်ကကြော်ငြာဘုရင်မလို့တောင်တင်းစားခေါ်ခဲ့ရတဲ့အထိ ကြော်ငြာလောကမှာထိပ်တန်းရောက်ခဲ့တဲ့မင်းသမီးလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်ပြီး အကောင်းဆုံးအကယ်ဒမီဆု(၂)ကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ထက်ထက်မိုးဦးကသူမစိတ်ဓာတ်ကျအားငယ်နေတဲ့ အချိန်မှာတောင်

အကယ်ဒမီရုပ်လေး(၂)ရုပ်ကိုပြန်ကြည့်မိတိုင်း ပရိသတ်တွေအများကြီးရှိတယ်လို့တွေးပြီးအားတွေပြန်ရှိသွားတယ်လို့ယခုလိုပဲပြောပြထားခဲ့ပါတယ်။”ထက်မငိုတော့ဘူးနော်။ပရိသတ်တွေကထက်ကိုမငိုပါနဲ့တော့တဲ့ ချစ်စရာကောင်းပြီးပြုံးပြုံးလေးနေရမယ်နော်တဲ့။ ထက်လဲဘယ်ငိုချင်ပါ့မလဲဒါပေမယ့်ထက်ရဲ့ဘဝမှာအချိုးအကွေ့တွေများလွန်းတယ်။ ငိုတခါရယ်တလှည့်နဲ့တခါတလေကိုယ့်ဘဝဇာတ်လမ်း ကိုယ်ပြန်ကြည့်နေရသလိုပဲ။ ဒီအကယ်ဒမီရုပ်လေး၂ရုပ်ပြန်ကြည့်မိတိုင်း အကယ်ဒမီထက်ထက်မိုးဦးရဲ့ပရိသတ်တွေအများကြီး ရှိတယ်ဆိုပြီးတွေးလိုက်ရင်အားတွေရှိသွားရော။

အနုပညာသက်တမ်းနှစ် ၃၀ ကျော်လုံး ထက်ဘေးမှာအမြဲတမ်းရှိနေပေးခဲ့တာ အကယ်ဒမီရုပ်၂ရုပ်နဲ့ထက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်တိုင်းလက်ခံပေးနေတဲ့ပရိသတ်ပဲ။ ထက်မှာဘာမှပိုင်ဆိုင်မှုတွေမရှိတော့ရင်တောင် ထက်ပရိတ်သတ်တွေရှိနေတယ်လေနော် ဒါကဘုရားပေးတဲ့ ဆုလာဘ်တခုပေါ့။ ထက်လည်းခုထက်ပိုကြိုးစားမယ်နော်။ ထက်ကိုလည်းပိုချစ်ပေးကြပါ။ထက်ကြော်ငြာတာတွေကိုလည်းအားပေးကြပါလို့နော်”ဆိုပြီးရေးသားကာ အကယ်ဒမီဆုလေးတွေနဲ့အတူရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးထားခဲ့ပါတယ်