ပြတ်စဲလိုက်ပြီဖြစ်တဲ့ရည်စားဟောင်းထံမှ Anniversary အမှတ်တရ အတွက် ကျန်နေတဲ့အကြွေးကို ပေါ်တင်ပဲတောင်းလိုက်တဲ့ အဆိုတော် ပိုပို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Source : ဝတ်ရည်မိုး
Myanmar Cele – Cafe

Unicode ဖြင့်ဖတ်ပါ
★★★★★

” ပြတ်စဲလိုက်ပြီဖြစ်တဲ့ ရည်းစားဟောင်းကို၁နှစ်ပြည့်အမှတ်တရအတွက် ကျန်ရစ်တဲ့အကြွေးကိုလူသိရှင်ကြားတောင်းလိုက်တဲ့ ပိုပို ”ပရိသတ်ကြီးရေအဆိုတော်ပိုပိုကတော့ ဂီတလောကမှာ အောင်တဲ့အမျိုးသမီးအဆိုရှင်ထဲကတစ်ယောက်ပါ။ သူမကိုယ်တိုင်သီချင်းတွေကို ပုံဖော်ဖန်တီးရေးစပ်ကာ ကိုယ်တိုင်သီဆိုပြီး ကိုယ်တိုင်MTVတွေရိုက်ကူးလေ့ရှိတဲ့ ပါရမီရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

သူမရဲ့ပရိသတ်တွေကတော့မိန်းကလေးသာမက ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော်အမျိုးသမီးလို့တောင်ဆိုရမှာပါ။ ပိုပို့ကို အားပေးကြမ်းချက်ကတော့ တက်တူးCrazy ဖြစ်တဲ့ ပိုပိုလိုပင် သူမရဲ့ပုံတူတွေကို တက်တူးထိုးကာ အားပေးကြောင်း သက်သေပြကြတဲ့အထိပါပဲနော်။

သူမရဲ့အချစ်ရေးကတော့ပရိသတ်တွေကိုအလင်းပြထားပြီးနောက်မှာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်းပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ” သို့ ရည်းစားဟောင်းသိဖို့ နင်နဲ့ ငါ လမ်းခွဲလိုက်ပြီ ဆိုပေမဲ့ ၁ နှစ်ပြည့်အတွက် ငါ့ကို လက်ဆောင် အကြွေး ကျန်သေးတယ်လေ

အဲ့ဒါ ဒါလေး ငါ့ကို ဝယ်ပေးသွားဦး လမ်းခွဲတာက လမ်းခွဲတာပဲ လက်ဆောင် အကြွေးက လက်ဆောင်အကြွေးပဲ ဝယ်ပေး ”ဆိုတဲ့စာလေးနဲ့တင်လာခဲ့တာပါ။ ပရိသတ်တွေကတော့ပိုပိုရဲ့ အပြောလေးကိုသဘောကျကာမှတ်ချက်အမျိုးမျိုးပေးနေကြတာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : ဝတ်ရည်မိုး
Myanmar Cele – Cafe