အဝေးရောက်နေတာကြောင့် သီတင်းကျွတ်မှာ မိဘတွေကို Video call နဲ့ကန်တော့ခဲ့တဲ့ ထွန်းထွန်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်နဲ့ အဆိုတော် အကယ်ဒမီ ထွန်းထွန်းက ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလျက်ရှိပြီး နှင်းဆီအငြိမ့်အဖွဲ့နဲ့အတူ ပရဟိတ လုပ်ငန်းတွေမှာလည်း ပါဝင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ အရွယ်ရောက်နေပြီဆိုပေမယ့် အခုချိန်ထိ အိမ်ထောင်မပြုသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ ဖြတ်သန်းနေဆဲဖြစ်ပြီး မိသားစိုကိုချစ်တဲ့ သူတစ်ယောက် လို့ဆိုရင်လည်းမမှားပါဘူး ။

လတ်တလောမှာတော့ အလုပ်ကိစ္စနဲ့ နယ်ကိုခရီးထွက်နေရတဲ့အတွက် သီတင်းကျွတ်မှာ မိဘတွေကို ကန်တော့ဖို့အတွက် အဆင်မပြေတာကြောင့် Video Call နဲ့ ပဲ လှမ်းကန်းတော့ရကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။ ကျွန်တော့် မိဘပြုံးပျော်နေခြင်းက ကျွန်တော့်အတွက် နိဗ္ဗာန်ပဲလို့လည်းရေးသားဖော်ပြထားပါသေးတယ် ။

ထွန်းထွန်းရဲ့ ပရိသတ်တွေကတော့ အခုလို မိဘကို သိတတ်တဲ့ သားလိမ္မာလေး ထွန်းထွန်းအတွက် သာဓုတွေခေါ်ဆိုခဲ့ကြသလို ဆုမွန်ကောင်းတွေ လည်းအများကြီးပေးခဲ့ကြပါတယ် ။ ထွန်းထွန်းကိုချစ်တဲ့ပရိသတ်ကြီးအတွက်လည်း ထွန်းထွန်းတို့မိသားစုရဲ့ သီတင်းကျွတ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

credit-cele gabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★


