ပြေသုဒြာရဲ့ ပန်းချီကားလေးကို ငွေကျပ် (၄)သိန်းနဲ့လေလံဈေးပေးခဲ့တဲ့ အဆိုတော် အားတီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★




Source : 3Color
Emily (Cele Gabar)

Zawgyi ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် အကယ်ဒမီမင်းသားမင်းသမီးတွေ ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေး ပြေသုဒြာကတော့ ကိုဗစ်အတွက် ပန်းချီကား လှူဒါန်းကြသူတွေထဲမှာအသက်အငယ်ဆုံး ပန်းချီအလှူရှင်လေး အနေနဲ့ပါဝင်ခဲ့ပါတယ် ။ ပါဝင်လှူဒါန်းပေးကြတဲ့အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကို 3Color ပန်းချီပြခန်း Facebook Page မှာ ကြမ်းခင်းဈေးသတ်မှတ်ကာ ရောင်းချပေးသွားခဲ့ပါတယ် ။

အကယ်ဒမီ ပြေတီဦး ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် သမီးလေး ပြေသုဒြာ ရေးတဲ့ ” Running Free “ Size – 8/13 inches အမျိုးအစား – Medium / Water Colour ပန်းချီကားလေးကို လေလံကြမ်းခင်းဈေး – (၁) သိန်းကျပ် ကနေစတင်ဈေးခေါ်ခဲ့ပြီး အဆိုတော် အားတီ မှ ငွေကျပ် ၂ သိန်းဖြင့် ဝယ်ယူရန် စတင်ကမ်းလှမ်းခဲ့ပါတယ် ။ အဲ့ဒီနောက် (၃)သိန်းနဲ့ကမ်းလှမ်းသူပေါ်ပေါက်လာတဲ့အတွက် အဆိုတော် အားတီက (၄)သိန်းကျပ်နဲ့ထပ်မံဈေးခေါ်ခဲ့ပါတယ် ။

သုသု ပန်းချီကားလေး ချစ်ဖို့ကောင်းပြီး ကလေးတစ်ယောက်ရဲ့ freedom လေးပေါ်လွင်တဲ့အတွက် သဘောကျတဲ့သူတွေရှိသလို ပြေသုလေးကိုချစ်လို့အားပေးကြတဲ့သူတွေလည်းရှိပါတယ် ။ နောက်ထပ်ဘယ်သူတွေက ဈေးထပ်တိုးပြီး ပန်းချီကားလေးကိုဝယ်မလဲ ဆိုတာကတော့ စိတ်လှုပ်ရှားစရာပါပဲ ပရိသတ်ကြီးရေ ..။

Source : 3Color
Emily (Cele Gabar)