“ပရိသတ်တွေကို လုံးဝ မပြောဖြစ်သေးတဲ့ သူမရဲ့အကြောင်းအရာလေးတစ်ခုကို ထုတ်ပြောပြလာတဲ့ မအေးသောင်း”
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
တော်ပါပေတယ် မအေးသောင်းရယ်
မအေးသောင်းက မဟာဆန်တဲ့အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းအလှတွေနဲ့ မြင်သူတိုင်း ရင်ခုန်စွဲမက်ချင်စရာကောင်းလောက်အောင် ညို့အားပြင်းလွန်းတဲ့ အလှဘုရင်မလေးလည်း ဖြစ်ပါတယ်။
အမြဲလိုလို မြန်မာဝတ်စုံနဲ့တွေ့ရပြီး လှပ လွန်းတဲ့ သူမရဲ့အမိုက်စား ခန္ဓာကိုယ်ဟာ အမျိုးသားတွေသာမက အမျိုးသမီးတွေ ကြားမှာပါ ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။
အပျိုကြီးမတ်မတ်တစ်ယောက်ဖြစ်တဲ့ မအေးသောင်းကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကိုလဲ ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ယနေ့တိုင် အောင်မြင်မှုရရှိနေတဲ့သူလည်းဖြစ်ပါတယ်။ သူမဟာ
ပီပြင်တဲ့ သရုပ်ဆောင်မှုပါမက မြန်မာဆန်ဆန် အမြဲဝတ်တတ်တဲ့ သူမရဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ယဉ်ယဉ်လေး ဖက်ရှင်ကျမှုကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်မာ ရထားသူလည်းဖြစ်ပါတယ်။
လတ်တလောမှာတော့ ပရိသတ်တွေမသိသေးတဲ့ သူမရဲ့အကြောင်းလေးကို ဖေ့ဘွတ်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့တာတွေ့ရပါတယ် ။အကြောင်းအရာလေးကတော့ “ကျမဘဝမှာအပိုသုံးဖို့ တခါမှမစဉ်းစားခဲ့ပါဘူး။
အလှူလုပ်တိုင်း Facebook ပေါ်အမြဲမတင်ဖြစ်ခဲ့ပါဘူး။ ကိုယ်ကျောင်းထားပေးတဲ့ ကလေး ၆၃ ယောက်ရှိတယ် နာဂစ်ဖြစ်တုန်းကကျန်ခဲ့တဲ့ကလေးတွေပေါ့။
တချို့တွေ ၁၀ တန်းတောင်အောင်ကြပြီ တစ်ယောက်ကတော့ပိုးထိပြီးဆုံးသွားပြီ သူတို့တွေအောင်မြင်ရင်ကိုယ်ပီတိဖြစ်ရတာကို ကျမကကြိုက်တာ ဥယျာဉ်မှူးတစ်ယောက်ကပန်းလေးတွေကြည့်နေရသလိုပဲပေါ့။
ကျမမိဘတွေကျန်းမာရေး ဆွေမျိုးသူငယ်ချင်း အသိုင်းအဝိုင်းသာရေးနာရေးတွေ ကျမတာဝန်ယူထားသူပါ Facebook ပေါ်ပုံတင်ဖို့အတွက် တခြားတစ်ယောက်ကဓာတ်ပုံရိုက်ပေးရ ကိုယ်ပေးတာကို ခဏကိုင်ထားပြီးစောင့်ခိုင်းရမှာတွေကိုအားနာလို့မလုပ်ဖြစ်တာများပါတယ်။
ဒါပေမဲ့ မွေးနေ့အလှူ စတုဒီသာအလှူ သူငယ်ချင်းတွေနဲ့ပေါင်းပြီးလှူတဲ့အလှူတွေတော့ တင်ဖြစ်တာပေါ့လေ ကိုယ်လှူတဲ့နေရာလေးလူသိတော့ အလှူပိုရအောင်ပေါ့ ကျမဘဝမှာအိတ်အကောင်းစားတစ်လုံးဝယ်ဖို့တောင် အမြဲလက်တွန့်သူမှာ။ ၃ နှစ်လောက်စဉ်းစားတတ်တာ။
ကိုယ့်ရှာတဲ့ပိုက်ဆံ တစ်ကျပ်ကအစပင်ပင်ပန်းပန်းရှာထားရလို့ ကိုယ်သုံးတဲ့အရာက အပိုမဖြစ်ချင်လို့ပါ။ သူများပိုက်ဆံဆိုပိုဆိုးပါတယ် အမေကငယ်ငယ်ကတည်း
“ကိုယ်နှင့်မဆိုင် ခွင့်မပိုင် ကိုင်တွယ်မကြည့်ရ”တဲ့။ အဲ့လိုဆုံးမခဲ့တော့ သူများပစ္စည်းဆို မဆိုင်ရင်မျက်စိနဲ့တောင်မကြည့်ရဘူးဆိုပြီးဆုံးမခဲ့တာပါ။ ကိုယ့်လက်ထဲမှာရှိမှသာကိုယ့်ပိုက်ဆံပါ။
ကျမပိုက်ဆံရှိရင်လေ ပထမဆုံးလုပ်မှာက ကျမမိဘအတွက်အိမ်ဟောင်းလေးကိုပြင်ဆောက်ပေးချင်တာပါ။ အမေတို့အသက်ကြီးပြီ အခုထိ ၁၀ပေ ၁၂ ပေအခန်းကျဉ်းလေးထဲမှာ နေနေရတုန်းပါပဲ။
အဲ့ဒါကျမရဲ့ ပထမဆုံးပိုက်ဆံသုံးမည့်နေရာပါပဲ။ အားလုံးကိုမေတ္တာအမြဲပို့ပါတယ် ကျန်းမာချမ်းသာကြပါစေရှင့်”ဆိုတဲ့စာလေးကိုဖော်ပြခဲ့ရတာ စာလေးဖတ်ပြီး လေးစားအားကျမိတာအမှန်ပါပဲနော် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည် မျှဝေပေးလိုက်ပါတယ် ။