အွန်လိုင်းကနေ သိန်းပေါင်း(၇၀၀၀)တန် အိမ်ကြီးကို ရောင်းချနိုင်ခဲ့တာကြောင့် အရမ်းပျော်နေတယ်ဆိုတဲ့ ထက်ထက်မိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Htet Htet Moe Oo
Maria (Yaung Chi)

Unicode ဖြင့်ဖတ်ပါ
★★★★★

ထက်ထက်တစ်ခေတ်ပြန်ရောက်လာတယ်လို့ ဆိုရလောက်အောင် ထက်ထက်ဦးရဲ့ စန်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကတော့ ကြောက်ခမမ်းလိလိ ပါပဲ ပရိသတ်ကြီးရေ ..။ အနုပညာကြေးနဲ့ လက်ခံထားတဲ့ အလုပ်တွေက သူမ Live လွှင့်ပြီးရောင်းချသမျှက ရောင်းအားအရမ်းကောင်းခဲ့လို့ ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီးနေခဲ့တာပါ ။

အောက်တိုဘာ (၂၉) ရက်နေ့က ထက်ထက်မိုးဦး နဲ့ Yoma Land Group တို့ရဲ့ Pun Hlaing Housing တို့ပူးပေါင်းပြီး Live Sale နဲ့ရောင်းချခဲ့ကြပါတယ် ။ “စေတနာ သည်သာ ကံ” ဆိုတဲ့အတိုင်း Pun Hlaing Housing က Lotus Place ဆိုတဲ့ Live မှာ ထက်ထက် ဒုတိယပြတဲ့အိမ်ကို သိန်း (၇၂၅၀) နဲ့ စရံချသွားပြီလို့သိရတဲ့အတွက် အရမ်းကိုဝမ်းသာပျော်ရွှင်နေကြောင်း ထက်ထက်က ရေးသားဖော်ပြခဲ့ပါတယ် ။ သိန်း (၇)ထောင်ကျော်တန်အိမ်ကို မြိတ်ကနေ Live ကိုကြည့်ပြီး ဝယ်ယူတာဖြစ်တယ်လို့သိရပါတယ် ။

ပရိသတ်တွေကတော့ထက်ထက်နဲ့ထပ်တူ ဝမ်းသာပေးခဲ့ကြပြီး ဘာပဲရောင်းရောင်း ဝယ်ယူအားပေးမယ့်သူတွေ များနေတဲ့ ထက်ထက်ရဲ့စန်းကတော့ တကယ်ကို အံ့သြစရာပါပဲ ။ ယနေ့အချိန်ထိ သူမကိုချစ်ခင်အားပေးနေဆဲ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကတော့ မယုံနိုင်လောက်ပါပဲ ပရိသတ်ကြီးရေ ..။

Source : Htet Htet Moe Oo
Maria (Yaung Chi)