Covid 19ကာလမှာအားလုံးအခက်အခဲဖြစ်နေကြတဲ့အချိန် တတ်နိုင်သလောက်ပါဝင်လှူဒါန်းမှုတွေကိုပြုလုပ်ပေးခဲ့တဲ့ Rဇာနည်တို့မိသားစု

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:Zarni Myonyunt

Unicode ဖြင့်ဖတ်ပါ
★★★★★

အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို သားလေး(၂)ယောက်၊သမီးလေးတစ်ယောက်နဲ့အတူတည်ဆောက်ထားတဲ့ အဆိုတော်Rဇာနည်ကိုတော့ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူတို့မိသားစုလေးကတော့ အလှူအတန်းလုပ်တဲ့နေရာမှာလည်းတက်ညီနဲ့နဲ့ လှူဒါန်းလျက်ရှိပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါတွေနဲ့ပတ်သက်ပြီးတော့လည်း တစ်ထောင့်တစ်နေရာကနေ နိုင်သလောက်လေးပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဒီနေ့မှာတော့အဆိုတော်Rဇာနည်က Covid 19ကာလအတွင်း သူတို့မိသားစုလေးတတ်နိုင်သလောက်ပြုလုပ်ပေးခဲ့တဲ့ အလှူတွေအကြောင်းကို(၇)ရက်သားသမီးအပေါင်းသာဓုခေါ်လို့အောင်ယခုလိုပဲရေးသားမျှဝေလာခဲ့ပါတယ်။”Covid 19ကာလမှာအားလုံးအခက်အခဲအကျပ်အတည်းတွေ အနဲနဲ့အများရှိကြမှာသေခြာပါတယ် ကပ်ရောဂါဆိုးကြီးဘေးမှအမြန်ဆုံးအတူတကွလွတ်မြောက်ကျော်လွှာနိုင်ဖို့ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်တို့မိသားစုတဖတ်တလမ်းမှတတ်နိုင်သလောက်ပါဝင်လှူတန်းမှူ့လေးပြုလုပ်ခဲ့ပါတယ်

ကျွန်တော်တို့လှူတန်းမှူ့ဟာချစ်တဲ့ပရိပ်သတ်ကြီးနဲ့အတူမို့ အားလုံးကုသိုလ်ရဖို့မျှော်လင့်ပါတယ်ဘေးရန်ကင်း၍မိသားစုတိုင်းကျန်းမာပျော်ရွှင်ကြပါစေ”ဆိုပြီးရေးသားကာ အလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။