ညီမလေး စိမ်းလဲ့ရတနာနဲ့အတူ ချစ်စရာကောင်းတဲ့ကကွက်လေးတွေသုံးပြီး Tik Tok ရိုက်ခဲ့တဲ့ နေခြည်ဦးရဲ့ ဗီဒီယို

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ညီမလေး စိမ်းလဲ့ရတနာနဲ့အတူ ချစ်စရာကောင်းတဲ့ကကွက်လေးတွေသုံးပြီး Tik Tok ရိုက်ခဲ့တဲ့ နေခြည်ဦးရဲ့ ဗီဒီယို

နေခြည်ဦးကတော့ သွက်လက်ချက်ချာပြီး ထက်မြက်လွန်းတာကြောင့် အချိန်ခဏလေးအတွင်းမှာတင် ထိပ်ဆုံးရောက်ရှိပြီး အောင်မြင်လာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက Social Influencer တစ်ယောက်ဖြစ်တာနဲ့အညီ သူမရဲ့ ဖြစ်တည်မှုတွေကို ပရိသတ်တွေဆီ ပွင့်ပွင့်လင်းလင်း ချပြထားသူတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးက သူမတင်သာမကပဲ သူမရဲ့ မိသားစုတွေနဲ့လည်း ပရိသတ်တွေရင်းနှီးမှုရရှိစေဖို့ ကြိုးစားခဲ့ပြီး နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာကလည်း အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးနိုင်တဲ့အထိ လူသိများနေခဲ့ပြီ ဖြစ်ပါတယ်။

နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာကတော့ အနုပညာကို ဝါသနာပါတယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားပြီး နေခြည်ဦးကလည်း ညီမလေး စိမ်းလဲ့ဖြစ်ချင်သမျှကို ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေခြည်ဦးက သူမရဲ့ ညီမလေး စိမ်းလဲ့ရတနာနဲ့ အင်္ကျီဆင်တူလေးဝတ်ပြီး ချစ်စရာကောင်းတဲ့ကကွက်လေးတွေနဲ့ Tik Tok ရိုက်ခဲ့တဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။

နေခြည်ဦးကတော့ ညီမလေး စိမ်းလဲ့ရတနာကို ပရိသတ်တွေနဲ့ ထိတွေ့မှုရှိစေဖို့ မကြာခဏဆိုသလို ပွဲထုတ်ပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးတို့ ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: beautybynaychi’s fb
Bilie – Cele Connections