သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့

ဘုရားရှင် (၇) ဝါမြောက်ကာလ၊ (၇)လမြောက် မြန်မာလ
ရဟန်းသံဃာတော်များ တစ်နေရာတည်း၌ ဝါကပ်နေထိုင်ခြင်း (သီတင်း)မှ
ကျွတ်ခြင်း (ပြီးဆုံးခြင်း) အခါသမယဖြစ်သော “သီတင်းကျွတ်လပြည်.နေ.”။

တာဝတိ ံသာနတ်ပြည်မှ အမေဟောင်း သန္တုဿီတနတ်သားနှင်.တကွ
နတ်ဗြဟ္မာတို.အား အဘိဓမ္မာ (၇) ကျမ်းဟောကြားသောကြောင်.

“အဘိဓမ္မာအခါတော်နေ.”။

ရဟန်းသံဃာတော်များအချင်းချင်း အပြစ်ရှိကထောက်ပြပြောကြားပါရန်
မာန်ကင်းစွာ၊ ယဉ်ကျေးစွာ၊ ရိုသေစွာ ဖိတ်မန်တိုက်တွန်းအမှုပြုကြသောကြောင်. “ပဝါရဏာနေ.”။

အရှင်သာရိပုတ္တရာရှိရာ သင်္ကဿမြို.ကို စောင်းတန်းသုံးသွယ်ဖြင်.
နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူလာသော
မြတ်စွာဘုရားသည် တုနှိုင်းဖွယ်မရှိ၊ အလွန်တင်.တယ် သပ္ပါယ်တော်မူသောကြောင်. နတ်လူအများ ကြည်ညိုစိတ်ပွားကာ “ဘုရားဆုပန်ကြသောနေ.”။

( အဲဒိအချိန်မှာ အလွန်တင့်တယ်လွန်းတဲ့ မြတ်စွာဘဘုရားကို
အားကျပြီးတော့ သူတို့လည်း တစ်ချိန်မှာ ဘုရားဖြစ်ချင်တဲ့ ဆန္ဒတွေ
ဖြစ်ပေါ်လာကြတယ် ဒါကြောင့် ဘုရားဖြစ်ဖို့အတွက် ဆုတွေပန်ကြတယ်
အဲဒါကိုပြောတာပါ ဒကာတော် … နာမည်ကြီးတဲ့ မင်းသားတစ်ယောက်ကို တွေ့တဲ့ အခါ အားကျပြီး သူ့လိုဖြစ်ချင်လာတဲ့ သဘောမျိုးပေါ့ byအရှင်တေဇာနန္ဒ )

ထိုသို. အဘိဓမ္မာဒေသနာဟောကြားပြီးနောက် တာဝတိ ံသာနတ်ပြည်မှ
လူ.ပြည်သို. ညချမ်းအခါ၌ ဆင်းသက်လာသော မြတ်စွာဘုရားအား
ဗြဟ္မာ နတ် လူ သုံးဘုံသူတို. အတူတကွ ကြည်ဖြူပူဇော်သောအားဖြင်. ဆီမီးထွန်းညှိပူဇော်ကြသော “မီးထွန်းပွဲတော်နေ.”။

ကျေးဇူးကြီးလှ မိဘဘိုးဘွား သက်ကြီးများ၊ ဆရာသမားများအား
လက်ဆယ်ဖြာမိုး၍ ရိုသေစွာကန်တော.ကြသော “သက်ကြီးပူဇော်ပွဲနေ.” ။

ဤသို. ထူးခြားသော၊ ဗုဒ္ဓဘာသာဝင်တို.၏ နေ.ထူးနေ.မြတ်ဖြစ်သော သီတင်းကျွတ်လပြည်.နေ. ဥပုသ်နေ.မှာ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကောင်းမှုများ အထူးပြုနိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းပါသည်ခင်ဗျာ…။

အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာ၍
ကောင်းကျိုးလိုရာဆန္ဒပြည်.ဝကြပါစေ…..။
…………………………………..
သီတင်းကျွတ်လပြည့်နေ (သို.) အဘိဓမ္မာ အခါတော်နေ့ (သို.) ပဝါရဏာနေ့

ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။
အကြောင်းက နတ်ပြည်၌နတ်ပရိတ်များ အဘိဓမ္မာဒေသနာအကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာအကျဉ်း ဟောကြားပြီးဆုံးသောနေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါး ရာတို့အား အ

ဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။

ဘုရားရှင်သည်မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ဝါဆိုလပြည့်ညနေချမ်း၌သာဝတ္ထိပြည်အနီးကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိိ တို့ကိုနှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာတာသတိ ံသာနတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်ကဘုရားရှင်ကိုမမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အားမေးမြန်းရာမထေရ်မြတ်ရှင်းပြမှအကြောင်းစုံသိကြရသည်။ပရိသတ်ကြီးကဘုရားရှင်ကို မဖူးရဘဲ မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲယာယီတဲနန်းထိုးကာနေကြလေသည်။ သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့် အကြောင်းသိရသဖြင့် သင်္ကဿမြို့ကနေသွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိ ံသာပြည်မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အားဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာသီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာသိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လကျာ်ဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးကမြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေကသင်္ကဿမြို့တံခါးဝမှာရှိသည်။

ဘုရားရှင်သည်လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက်ရေအစုံမီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။အောက်ကိုကြည့်သောအခါအဝီစိငရဲတိုင်အောင်အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။

တာဝတိ ံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူသော ကျမ်းကို “ဓမ္မသင်္ဂဏီကျမ်း”ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကိုသုတ္တ တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာအကျယ်ဝေဖန်ဟောကြားသောကျမ်းကို “ဝိဘင်း ကျမ်း”ဟုခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို “ဓာတုကထာ” ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍ဟောကြားသောကျမ်းကို “ပုဂ္ဂလပညတ်” ဟုခေါ်သည်။ အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို “ကထာဝတ္ထု”ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်သံသယအစုံစုံပြု၍ဟောကြားတော်မူသောကျမ်းကို “ယမိုက်ကျမ်း” ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို “ပဋ္ဌာန်းကျမ်း”ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊သုံးလကြာမျှဟောရ ခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဋ္ဌိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဉာင်္ဏတော်၏ နက်နဲခြင်းစသော ဂမ္ဘီရလေးမျိုးနှင့်ပြည့်စုံသောတရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သားရဟန်းငါး ရာကဲ့သို့ နမရူပပရိစေ ္ဆဒ ဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ် ခြင်း၊ ဘေးဥပါဒ်အန္တရယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးတ ရားများရရှိနိုင်သည်။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမဝါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပဝါရဏာပြုကြပါသည်။
ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပဝါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

Credit: original writer