ထက်ထက်မိုးဦးရောင်းတဲ့ လက်ဝတ်ရတနာတွေသာမကပဲ သိန်း (၇၀၀၀) ကျော်တန် အိမ်ကြီးကိုပါ ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ စမိုင်းလ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ထက်ထက်မိုးဦးရောင်းတဲ့ လက်ဝတ်ရတနာတွေသာမကပဲ သိန်း (၇၀၀၀) ကျော်တန် အိမ်ကြီးကိုပါ ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ဘူးဆိုပေမယ့် သူမချစ်တဲ့ အနုပညာအသိုင်းအဝိုင်းနဲ့ အဆက်အဆံရှိနေဆဲပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ အနုပညာညီအစ်ကိုမောင်နှမတွေအပေါ် သံယောဇဉ်ရှိပြီး လိုအပ်တာမှန်သမျှကို ဖြည့်စည်းကူညီပေးနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း စမိုင်းလ်က ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက် ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အကုန်လုံးက ချစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးကို အရမ်းချစ်ပြီး ထက်ထက်ရောင်းတဲ့ လက်ဝတ်ရတနာတွေကို အားပေးဝယ်ယူပြီး ချစ်တဲ့အကြောင်းတွေပြသနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စမိုင်းလ်က ထက်ထက်မိုးဦးရောင်းချပေးတဲ့ Pun Hlaing Housing က သိန်း (၇၂၅၀) တန် Lotus Place အိမ်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး ထက်ထက်မိုးဦးရဲ့ ပိုစ့်အောက်မှာ အသေးစိတ်မေးမြန်းနေတာကို တွေ့ရပါတယ်။

စမိုင်းလ်ကတော့ ထက်ထက်မိုးဦးရောင်းတဲ့ လက်ဝတ်ရတနာတွေသာမကပဲ သိန်း (၇၀၀၀) ကျော်တန် အိမ်ကြီးကိုပါ ဝယ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ ထက်ထက်လည်း ရောင်းရသလို စမိုင်းလ်လည်း အိမ်လှလှကြီးကို ပိုင်ဆိုင်နိုင်ဖို့ ပရိသတ်ကြီးက ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections