ရိုးရိုးယဉ်ယဉ်လေးနဲ့ချစ်စရာကောင်းနေတဲ့ ငယ်ဘဝကအမှတ်တရပုံရိပ်လေးတွေ မျှဝေပေးလာတဲ့ နန္ဒာလှိုင်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




credit-cele zone

Unicode ဖြင့်ဖတ်ပါ
★★★★★

မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ သူလေးတစ်ဦး ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကိုရပ်နားခဲ့တဲ့ နန္ဒာလှိုင်ကိုတော့ အမာခံပရိသတ်တွေက အခုအချိန်အထိ ဆက်လက်အားပေးနေကြဆဲ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် နန္ဒာလှိုင်က သမီးချောလေးသုံးယောက်ကို မွေးဖွားထားတဲ့ ကလေးမေမေပဲ ဖြစ်ပါတယ်။

ကလေးသုံးယောက်မိခင်ဖြစ်တဲ့ နန္ဒာလှိုင်က အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာလည်း အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း နန္ဒာလှိုင်ကို ပရိသတ်တွေကလူမှုကွန်ယက်ကတစ်ဆင့် ဆက်လက်အားပေးနေကြတာ ဖြစ်ပါတယ်။ အခုချိန်အထိ အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ နန္ဒာလှိုင်က ရိုးရိုးယဉ်ယဉ်လေးဝတ်ဆင်ထားရင်တောင်မှ သူမရဲ့အလှတွေကပေါ်လွင်တောက်ပနေတာ ဖြစ်ပါတယ်။

သူမရဲ့မိသားစုပုံရိပ်လေးတွေကိုလည်း အမြဲလိုလိုဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ် ။ အခုမှာတော့ သူမငယ်ရွယ်စဉ်တစ်ချိန်က အမှတ်တရပုံလေးတွေကို ဖော်ပြခဲ့တာလည်းဖြစ်ပါတယ် ။နန္ဒာကတော့ ငယ်စဉ်ထဲက ယဉ်ယဉ်လေးနဲ့ ချစ်ဖို့ကောင်းနေတာအခုချိန်ထိပါပဲနော် ။ပရိသတ်ကြီးလည်း နန္ဒာရဲ့ ငယ်ဘဝပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။