Covid ကာကွယ်ကုသရေးအတွက်လေလံအလှူမှာ ကဒေါင်းရင်ထိုးလေးကိုသိန်း(၃၁၀)နဲ့ လေလံအောင်မြင်သွားတဲ့ စမိုင်းလ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:စမိုင်းလ် Smile

Unicode ဖြင့်ဖတ်ပါ
★★★★★

အလှူအတန်းတွေကိုမကြာခဏပြုလုပ်တတ်တဲ့ စမိုင်းလ်တို့မိသားစုလေးကိုတော့ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။ သူတို့မိသားစုလေးကတော့ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီးတော့လည်း တစ်ထောင့်တစ်နေရာကနေထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။

လက်ရှိမှာတော့စမိုင်းလ်ဟာ Covid ကာကွယ်ရေးအတွက်အကုန်အသုံးပြုသွားမဲ့ လေလံအလှူလေးမှာပါဝင်ခဲ့ပြီး ကဒေါင်းရင်ထိုးလေးအားသိန်း ၃၁၀ နဲ့လေလံအောင်မြင်သွားခဲ့ပါတယ်။ အဆိုပါဒေါင်းရင်ထိုးလေးကိုတော့ ကြမ်းခင်းဈေး(၈၈)သိန်းနဲ့စတင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့စမိုင်းလ်က (၃၁၀)သိန်းနဲ့ရရှိထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီအလှူအကြောင်းလေးကိုတော့ စမိုင်းလ်က

“Covid ကာကွယ်ရေးအတွက်အကုန်အသုံးပြုသွားမဲ့ လေလံအလှူလေးမှာ ကဒေါင်းရင်ထိုးလေးအားသိန်း ၃၁၀ နဲ့လေလံအောင်မြင်သွားခဲ့ပါတယ်။ မြန်မာပြည်ကြီးကပ်ရောကြီးမှအမြန်ဆုံးကင်းဝေးကြပါစေ”ဆိုပြီးရေးသားကာ ပုံရိပ်ျလးနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။