“ဗဟိုအမျိုးသမီးဆေးရုံ”မှာရှိတဲ့ မွေးခါနီးလူနာ(၂၅)ယောက်အတွက် တတ်နိုင်သလောက်ကိုယ်တိုင်သွားရောက်ပြီးလှူဒါန်းပေးခဲ့တဲ့ ယွန်းယွန်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ယွန်းယွန်းကတော့ ကလေးဆောင်တစ်ယောက်အဖြစ်ပရိသတ်တွေရင်ထဲကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ အကောင်းဆုံးပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့်လည်း ကလေးသရုပ်ဆောင်အကယ်ဒမီဆုကို ထိုက်တန်စွာသိမ်းပိုင်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ယွန်းယွန်းက ဆံပင်ရှည်လေးနဲ့အလှသွေးကြွယ်နေတဲ့ မင်းသီချောလေးတစ်ယောက်တောင်ဖြစ်နေပါပြီ။

သူမဟာငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းလုပ်တဲ့နေရာမှာလည်းလက်မနှေးဘဲ မကြာခဏဆိုသလိုအလှူအတန်းတွေကိုပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာလည်း”ဗဟိုအမျိုးသမီးဆေးရုံ”ကမွေးခါနီးလူနာ၂၅ယောက်အတွက် တတ်နိုင်သလောက်စာအိတ်လေးတွေထဲမှာ ၁သောင်းစီထည့်ပြီးလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီအလှူအကြောင်းလေးကိုတော့ ယွန်းယွန်းက”ဒီတစ်ခေါက်တော့ မမဗိုက်တွေဆီရောက်ဖြစ်တယ်ခုချိန်မှာကလေးလေးမွေးဖို့ဆေးရုံတက်ရတာတောင်အထီးကျန်ပါတယ်

လူနာစောင့်တွေအများကြီးနေခွင့်မရပါဘူး မွေးခါနီးမှပေးလာတယ်ပြောတယ်!! လှူစရာနေရာတွေစဉ်းစားတဲ့အခါ”ဗဟိုအမျိုးသမီးဆေးရုံ”လေးလဲသွားလို့ရပါတယ်လို့”ဆိုပြီးရေးသားကာအလှူပုံရိပ်တွေနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သူမရဲ့မကြာခင်ကျရောက်တော့မည့်မွေးနေ့မှာလည်းလာရောက်လှူဒါန်းသွားဦးမည်လို့လည်းပြောကြားထားခဲ့ပါသေးတယ်။

Source:Yoon Yoon

Unicode ဖြင့်ဖတ်ပါ