ထက်ထက်မိုးဦးရဲ့ Live ကနေတဆင့် ဝယ်ယူခဲ့တဲ့ အသစ်စက်စက်ကားသစ်ကြီးကိုထုတ်ပြီး ပြသလာတဲ့ နီလန်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Nilen’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ထက်ထက်မိုးဦးရဲ့ Live ကနေတဆင့် ဝယ်ယူခဲ့တဲ့ အသစ်စက်စက်ကားသစ်ကြီးကိုထုတ်ပြီး ပြသလာတဲ့ နီလန်း

ချင်းတိုင်းရင်းသူအဆိုတော်လေးတစ်ယောက်ဖြစ်တဲ့ နီလန်းကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ လူသိများထင်ရှားလာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နီလန်းကတော့ အခုဆိုရင် ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်ပြီး သူမဝါသနာပါရာ သီချင်းဆိုခြင်းနဲ့ Beauty Blogger အလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အောင်မြင်ကျော်ကြားမှုတွေကို ရရှိပိုင်ဆိုင်လာတဲ့ နီလန်းကတော့ ပရိသတ်တွေများစွာရဲပ အချစ်တွေကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နီလန်းက သူမရဲ့ အသစ်စက်စက်ကားကြီးကို ပရိသတ်တွေဆီချပြလာပါတယ်။ နီလန်းက ထက်ထက်မိုးဦးရဲ့ Live ကနေ ဝယ်ယူထားတဲ့ ကားအသစ်ကြီးကို Showroom ကနေ ယူဆောင်လာခဲ့တာဖြစ်ပြီး ရန်ကုန်မြို့အနှံ့တစ်ပတ်စီးခဲ့တဲ့ပုံရိပ်တွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ မျှဝေပေးလာတာ ဖြစ်ပါတယ်။

နီလန်းကတော့ ကားအသစ်ကြီးအတွက် အရမ်းကို ဝမ်းသာနေသလို သူမကို ကားလေး ပိုင်ဆိုင်ခွင့်ရအောင် အဖက်ဖက်ကနေ ကူညီဆောင်မပေးသူတိုင်းကိုလည်း ကျေးဇူးတင်စကား ပြောထားပါသေးတယ်။ ပရိသတ်ကြီးလည်း နီလန်းရဲ့ အမိုက်စား ကားအသစ်ကြီးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nilen’s fb
Bilie – Cele Connections