မြောက်ဒဂုံမြို့နယ်မှ အိမ်ထောင်စု (၃၀)စာအတွက် လိုအပ်တဲ့အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့တဲ့ မျိုးစန္ဒီကျော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ ကိုဗစ်ကြောင့် အခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက် အခြေခံစားသောက်ကုန်တွေနဲ့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို လှူဒါန်းပေးခဲ့ပါတယ်။ ကိုဗစ်ကြောင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရတဲ့ မိတ်ဆွေတွေက အကူညီတောင်းခံလာတာကြောင့် မျိုးစန္ဒီကျော်က လှူဒါန်းပေးခဲ့တာပါ။

မျိုးစန္ဒီကျော်က ကိုယ်တိုင်ဦးဆောင်ပြီး ရင်းနှီးတဲ့ မိတ်ဆွေနဲ့အတူ စုပေါင်းပြီး မြောက်ဒဂုံမြို့နယ် (၅၁)ရပ်ကွက်မှာရှိတဲ့ အိမ်ထောင်စု (၃၀)စာအတွက် ဆန် ၊ ဆီ၊ ကြက်ဥ ၊ မျက်နှာသစ်ဆပ်ပြာ၊အဝတ်လျော်ဆပ်ပြာ ၊ ခြင်ဆေးခွေ၊ ခေါင်းလျော်ရည် ၊ ဘီစကစ်မျိုးစုံ တို့ကိုတတ်နိုင်သလောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ မျိုးစန္ဒီကျော်က ကိုယ်ဦးစီးပြီး လှူဒါန်းခွင့်ရခဲ့တဲ့ ဒီအလှူလေးအတွက် ပီတိဖြစ်နေခဲ့ပါတယ်။

သူ့ရဲ့လှူဒါန်းမှုလေးကို အခုလို ဖြစ်မြောက်အောင် ပါဝင်လှူဒါန်းပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေအပေါင်းသင်းတွေကိုလည်း မျိုးစန္ဒီကျော်က ကျေးဇူးတင်ကြောင်းလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ်။ပရိသတ်ကြီးရေ မျိုးစန္ဒီကျော်တို့ရဲ့ အလှူလေးကို ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

credit-cele zone

Unicode ဖြင့်ဖတ်ပါ