သီတင်းကျွတ်လေးမှာ တလေးတစားနဲ့ မိဘနှစ်ပါးကို ကန်တော့နေကြတဲ့ ချစ်ချစ်တုန်တို့မောင်နှမသုံးယောက်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




credit-cele zone

Unicode ဖြင့်ဖတ်ပါ
★★★★★

အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းများကို သီဆိုသူကတော့ အဆိုတော် R ဇာနည်ပဲဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းများစွာကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေရရှိထားသူတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

သီချင်းတွေနဲ့ အလှမ်းဝေးခဲ့တဲ့ အဆိုတော် R ဇာနည်က ဂီတလောကထဲကို တစ်ဖန်ပြန်ရောက်လာချိန်မှာလည်း အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ သီချင်းတွေအကောင်းဆုံး ဖန်တီးနေနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ယခုဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားကျနေရတဲ့ မိသားစုလေးဖြစ်ပါတယ်။

ဒါ့အပြင် ချစ်စရာအရမ်းကောင်းတဲ့ သားသားမီးမီးလေးတွေရဲ့ ပုံလေးတွေဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာလည်းဖြစ်ပါတယ် ။အခုလည်း သီတင်းကျွတ်လေးမှာ အလိုက်တသိကန်တော့ကြတဲ့သားသားနဲ့မီးမီးလေးတွေကြောင့် အတိုင်းမသိကြည်နူးပီတိဖြစ်ပြီးသဘောတွေကျကာ အမှတ်တရပုံလေးတွေရိုက်ကာဖော်ပြခဲ့ပါတယ် ။ ကြည်နူးစရာကောင်းတဲ့ R ဇာနည်တို့ရဲ့ မိသားစု ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

credit-cele zone