ပိုက်ဆံရှိရှိ မရှိရှိ သူမကို တနှစ်မပြတ်ကန်တော့လို့ နှိုင်းယှဉ်မြင့်မိုရ်တို့လင်မယားကို ကျေးဇူးတင် ဝမ်းသာနေတဲ့ အေးသီတာ
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
(CeleChitThu)
Unicode ဖြင့်ဖတ်ပါ
★★★★★
မရှိဝမ်းစာ ရှိတန်ဆာလေးတွေနဲ့ နှစ်စဉ်မပြတ် လာရောက်ကန်တော့လေ့ရှိတဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံကြောင့် ဝမ်းသာပီတိဖြစ်တယ်ဆိုတဲ့အေးသီတာ
ဇာတ်ရုပ်တိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အေးသီတာကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ ေ
အးသီတာကတော့ အမြဲတမ်းပြုံးပျော်ရွှင်စွာ နေတတ်မှုတွေကြောင့် အနုပညာမောင်နှမတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိပိုင်ဆိုင်ထားတာပါပဲနော်။ သူမဟာဆိုရင် ရှုတင်ရပ်နားထားချိန်မှာ မိသားစုဝမ်းရေးအတွက် မုန့်ဟင်းခါးကို အွန်လိုင်းပေါ်မှာ ရောင်းချရင်း ရှာဖွေနေတာပဲဖြစ်ပါတယ်။
အေးသီတာရဲ့ စီးပွားရေးလုပ်ငန်းလေးဟာဆိုရင် ပရိသတ်တွေကြားမှာ အောင်မြင်နေတာပါပဲနော်။ သူမအားလပ်ချိန်တိုင်းမှာလည်း အနုပညာမောင်နှမတွေရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။
ဒီနေ့မှာတော့ အေးသီတာက”အမြဲရှိရှိမရှိရှိတနှစ်မပြတ်ကန်တော့တဲ့ချစ်ညမလင်မယား ဝမ်းသာပါတယ်ဆထက်တန်ဘိုးအောင်မြင်ကြပါစေ”လို့ဆိုပြီး သူမကို လာရောက်ကန်တော့ကြတဲ့ ညီမလေး နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံကြောင့် ပျော်ရွှင်သွားတာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
နှစ်စဉ်မပြတ် လာရောက်ကန်တော့ ကြတဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source…..Aye Thidar’s Facebook
(CeleChitThu)