နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ရင်ဘောင်တန်းပြီး နိုင်ငံခြားကရုပ်ရှင်ထူးချွန်ဆုကြီးတစ်ဆု ဆွတ်ခူးနိုင်တဲ့ ချစ်ဇနီးအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ရွှေထူး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Htoo Khant’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ရင်ဘောင်တန်းပြီး နိုင်ငံခြားကရုပ်ရှင်ထူးချွန်ဆုကြီးတစ်ဆု ဆွတ်ခူးနိုင်တဲ့ ချစ်ဇနီးအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ရွှေထူး

ပရိသတ်တွေချစ်ကြတဲ့ အဆိုတော် ရွှေထူးကတော့ တစ်နိုင်ငံလုံးက သည်းသည်းလှုပ်ချစ်ရတဲ့ မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ကံကောင်းသူကြီးတစ်ယောက်ပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အချစ်မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတဲ့ စကားအတိုင်း အချိန်တိုလေးအတွင်း တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာချစ်မိခဲ့ပြီး ရွှေလက်တွဲခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အခုဆိုရင် ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ တစ်ယောက်ရဲ့အလုပ်ကိုတစ်ယောက် ကူညီလုပ်ဆောင်ပေးရင်း သာယာတဲ့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရွှေထူးက နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ရင်ဘောင်တန်းပြီး ရုပ်ရှင်ထူးချွန်ဆုကြီးတစ်ဆု ဆွတ်ခူးနိုင်တဲ့ ချစ်ဇနီးအတွက် ဝမ်းသာဂုဏ်ယူနေတာကို တွေ့ရပါတယ်။ ရွှေထူးက Druk International film festival (DIFF) မှာ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Supporting Actress Outstanding Achievement Award Winner ဖြစ်ခဲ့တဲ့ ချစ်ဇနီးရွှေမှုံရတီကို “ကြမ်းသောဂေါ် ” ဆိုပြီး ဝမ်းသာဂုဏ်ယူကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ နိုင်ငံတကာက ချီးမြှင့်တဲ့ ထူးချွန်ဆုကြီးကို ပထမဦးဆုံးအကြိမ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးလိုပဲ ရွှေမှုံရတီအတွက် ဝမ်းသာဂုဏ်ယူနေကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections