Facbook အပေါ် Live လွင့်ပြီး လက်ဝတ်ရတနာရောင်းချနေမှုအပေါ် ဝေဖန်နေသူများကို ပညာသားပါပါ တုန့်ပြန်ခဲ့တဲ့ ထက်ထက်မိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Unicode ဖြင့်ဖတ်ပါ
★★★★★

Facbook အပေါ် Live လွင့်ပြီး လက်ဝတ်ရတနာရောင်းချနေမှုအပေါ် ဝေဖန်နေသူများကို ပညာသားပါပါ တုန့်ပြန်ခဲ့တဲ့ ထက်ထက်မိုးဦး

ပရိတ်သတ်တွေ သိပြီးဖြစ်တဲ့အတိုင်း ကြော်ငြာ မင်းသမီးကြီး ထက်ထက်မိုးဦးကတော့ ကိုဗစ်ကာလမှာ Live လွှင့်ကာ စိန်ရွှေလက်ဝတ်ရတနာတွေကို ရောင်းချပေးနေခဲ့တာပါ။ ထက်ထက်ကို ချစ်ခင်တဲ့ ပရိတ်သတ်တွေသာမက အနုပညာရှင်တွေကပါ အားပေးတဲ့အထိ အောင်မြင်နေခဲ့တာ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ နောက်တကြိမ် ပရိတ်သတ်ရှေ့မှောက် ပြန်လည်ရောက်ရှိလာကာ အောင်မြင်လာတာနဲ့အမျှ ဝေဖန်မှုများစွာကိုလည်း ရင်ဆိုင်နေရတာပါ။ မိသားစု အတွင်းရေးများနဲ့ ပက်သက်ပြီး တိုက်ခိုက်မှုများလည်း ကြုံခဲ့ရသလို သူမရဲ့ လက်ရှိ လက်ဝတ်ရတနာ ရောင်းချမှုနဲ့ပက်သက်ပြီးလည်း ဝေဖန်ခံခဲ့ရပါတယ်။

အဆိုပါ ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး ထက်ထက်ကတော့ သူမရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် အခုလိုပဲ ပြောခဲ့ပါတယ်။ ” အားလုံး အဆင်မပြေချိန် ခက်ခဲတဲ့ကာလတွေမှာ (Covid ဖြစ်ချိန်) ရောင်းသူ ဝယ်သူ ယုံကြည်မှု နဲ့ အဆင်ပြေတာကို မုဒိတာ ထားကြရင် ကောင်းပါတယ်။

ဘုရား တရားတွေလုပ်နေမှမဟုတ်ပါဘူး အားလုံးအပေါ် မေတ္တာစိတ်နဲ့ မုဒိတာ ထားနိုင်ရင်လည်း ကုသိုလ်ရပါတယ်။ “ယုံကြည်မှု ဆိုတာ တန်ဖိုးတစ်ခုပါ” ” ဆိုကာ သူမရဲ့ ခံယူချက်ကို ထုတ်ပြခဲ့တာပါ။

ပရိတ်သတ်ကြီးရေ ထက်ထက်ကတော့ ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး အခုလိုပဲ ပညာသားပါပါ တုန့်ပြန်ခဲ့တာပါ။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။