ဦးကျော်ထူးရဲ့ ဆန်ဆိုင်လေးအတွက် အခကြေးငွေတပြားမှမယူဘဲ အွန်လိုင်းကနေ ဈေးရောင်းဖို့ စေတနာသန့်သန့်နဲ့ ကူညီပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

အနုပညာအလုပ်တွေ ခဏရပ်နားထားရချိန်မှာ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လုပ်ငန်းရှင်တွေကလာငှားကြတဲ့ Live Salesလေးကို လုပ်ကိုင်နေတာဖြစ်ပါတယ်။အလုပ်တိုင်းကို စေတနာပါပါနဲ့လုပ်ဆောင်ပေးတဲ့ နှိုင်းယှဉ်ကို လုပ်ငန်းရှင်တွေကလည်း ချစ်ကြလို့ အမြဲငှားကြပါတယ်နော်။နှိုင်းယှဉ်မြင့်မိုရ်က အဆင်ပြေအောင်ပြောဆိုတတ်ပြီး ဈေးအရမ်းရောင်းတတ်လို့

ပရိသတ်တွေက သူမကိုလေးစားချီးကျူးနေကြတာဖြစ်ပါတယ်။ နှိုင်းယှဉ်ကတော့ အခုလိုကာလမှာတောင် အလုပ်တွေအနားတမ်းလုပ်ဆောင်နေရပြီး စီးပွားရေးကိုကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။နှိုင်းယှဉ်တို့မိသားစုက အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး သူမတို့ရှာဖွေထားတဲ့ငွေထဲက တစ်ချို့တစ်ဝက်ကို အမြဲလှူဒါန်းပါတယ်နော်။စိတ်စေတနာလည်းအရမ်းကောင်းပြီး ပွင့်လင်းရိုးသားတဲ့

နှိုင်းယှဉ်ကတော့ အခုဆိုရင်လည်း ဦးကျော်ထူးရဲ့ဆန်ဆိုင်မှာ Liveလွှင့်ဖို့ မေတ္တာနဲ့ကူညီပေးခဲ့တာဖြစ်ပါတယ်။ နှိုင်းယှဉ်ကတော့”အဖေက ဆန်ရောင်းဖို့ live လွှင့်ပေးဖို့ အကူအညီတောင်းတော့ ဘာမှမပေးပါနဲ့ သမီး လာကူညီပေးမယ်လို့ ပြောခဲ့တယ် ဘာမှမမျှော်လင့်ဘဲ စေတနာသန့်သန့်နဲ့ကူညီပေးခဲ့ပေမယ့်

ပြန်ရလိုက်တာက မနည်းမနောပါပဲ ဘယ်အချိန်က ကားထဲ လာထည့်ပေးထားမှန်းမသိဘူး 67000 တန် ရှယ်ဆန် 3အိတ်/ဆီဘူးကြီး 6ဘူး/ကြက်ဥ 5ကဒ်/ကန်တော့ခြင်း တစ်ခြင်း/အိပ်ရာခင်း တစ်စုံ/လက်သန့်ဆေးဘူး 10ဘူး/Body scrub၂ဘူး/ထီး 3ချောင်း/ငပိချက် 1ဘူး/Mask 1ဘူး/ခေါင်းစွပ်1ဘူး/ ပိုက်ဆံ 8သိန်း

ဒါတောင်ကန်တော့ခြင်းက Black ပုလင်းကြီးပါနေတာ ဟာကိုဘင်းမသောက်ဘူးဆိုလို့ အစားခြင်းနဲ့ပြန်လဲပေးလိုက်တာ အားနာလို့ နေစရာနေရာတောင်မရှိဘူး….ဖေဖေဦးကျော်ထူးရော ချစ်လေးရော လှိုင်ဝတီကျော် ဆန်ရောင်းဝယ်ရေးမိသားစုရော အရမ်းကျေးဇူးတင်ပါတယ်ရှင်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်နော်။

Source : Nhying Shin’s Facebook