မိဘနှစ်ပါးလုံးကိုဗစ်ရောဂါကူးဆက်ခံနေရပြီး သူကိုယ်တိုင်လည်းQဝင်နေရကြောင်းပြောပြလာတဲ့ ရှိန်းတင့်ထူး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:Sheintin Htoo

Unicode ဖြင့်ဖတ်ပါ
★★★★★

ရှိန်းတင့်ထူးကတော့ မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော် မင်းသားချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့လတ်တလောမှာကိုဗစ်ရောဂါတွေကြောင့် အနုပညာအလုပ်တွေကိုရပ်နားပြီးအိမ်မှာပဲမိသားစုနဲ့အတူ အနားယူနေထိုင်လျက်ရှိပါတယ်။ အိမ်ထဲမှာနေထိုင်တာ(၄)လလောက်ရှိပေမယ့် သူ့ရဲ့မိဘနှစ်ပါးမှာကိုဗစ်ကူးဆက်ခံနေရပြီဖြစ်ကြောင်း ဒီနေ့မှာတော့ပြောပြလာခဲ့ပါတယ်။

သူကတော့hotel qဝင်နေရပြီလို့သိရပါတယ်။ အဲဒိအကြောင်းကိုတော့ရှိန်းတင့်ထူးက”ဖေဖေနဲ့ မေမေကတော့ p တဲ့ ကျွနိတော်ကလဲဒီနေ့ hotel q ဝင်ရတာပေါ့ Photo တွေမတင်ဖြစ်တာလဲ ဒါကြောင့်ပါဗျ အတက်နိုင်ဆုံး ကျွန်တော် ပုံတွေ video တွေနဲ့အတူပြန်လာပေါ့မယ် အားလုံးလဲဂရုစိုက်ကြပါ ကျွန်တော်ဆို အိမ်ထဲကနေမထွက်တာ 4 လ လောက်ရှိပီ ဘယ်လိုဖြစ်လဲတော့မပြောတက်ဘူးပေါ့ဗျာ ..အားလုံးဘေးကင်းပါစေ”ဆိုပြီးရေသားကာပြောပြထားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပရိသတ်တွေအားလုံးကလည်း ရှိန်းတင့်ထူးတို့မိသားစုအတွက်စိတ်ပူနေကြတာကိုတွေ့ရပါတယ်။ ရှိန်းတင့်ထူးတို့မိသားစုလေး ကိုဗစ်ကပ်ရောဂါဆိုးကြီးကနေ အမြန်ဆုံးကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Source:Sheintin Htoo