အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲမှာ အနိုင်ရပြီး မြန်မာ့ဂုဏ်ဆောင်ပေးခဲ့တဲ့ ဒေ့ဗ်အတွက် ဝမ်းသာဂုဏ်ပြုစကားပြောလာတဲ့ ယုန်လေး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Yone Lay’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲမှာ အနိုင်ရပြီး မြန်မာ့ဂုဏ်ဆောင်ပေးခဲ့တဲ့ ဒေ့ဗ်အတွက် ဝမ်းသာဂုဏ်ပြုစကားပြောလာတဲ့ ယုန်လေး

သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော် ယုန်လေးကတော့ လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးခြင်းတွေကို (၁) နှစ်တိတိ ရပ်နားခံထားရပြီး အွန်လိုင်းကြော်ငြာလေးတွေကိုသာ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ယုန်လေးကတော့ အနုပညာအလုပ်တွေနည်းပါးချိန်မှာ ဝါသနာပါရာအလုပ်လေးတွေကို လုပ်ကိုင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယုန်လေးက အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့လက်ဝှေံစိန်ခေါ်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေ့ဗ်အတွက် ဝမ်းသာဂုဏ်ပြုစကားပြောလာပါတယ်။

ယုန်လေးက “Congratulation Dave Leduc မြန်မာနိုင်ငံကိုချစ်တဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ် .Congratulation Dave ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ဝမ်းသာဂုဏ်ပြုစကားပြောလာပါတယ်။ ဒေ့ဗ်ကတော့ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲမှာ ဆိုင်းရပ်စ်ဝါရှင်တန်ကို စတုတ္ထအချီမှာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒေ့ဗ်ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ONE Championship သိုင်းပေါင်းစုံကစားပွဲမှာ Middle Weight ရွှေခါးပတ်ကြီးကို လွှဲပြောင်းခဲ့ရတဲ့ အောင်လအန်ဆန်အစား မြန်မာ့ဂုဏ်ကို ပြန်လည်ဆယ်ယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay’s fb
Bilie – Cele Connections