လက်ထပ်လက်စွပ်မဝတ်တာနဲ့ပဲ လင်မယားချင်းရန်ဖြစ်စေမယ့်စကားမျိုးပြောတဲ့ ပရိသတ်ကို အချက်ကျကျရှင်းပြပြောဆိုလာတဲ့ ပိုင်ဖြိုးသု

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဆရာဝန္မေလးတစ္ေယာက္ျဖစ္သလို ျပည္သူခ်စ္ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ ပိုင္ျဖိဳးသုကေတာ့ ကေလးဘဝကတည္းက အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူျဖစ္ျပီး လက္ရိွ အသက္သံုးဆယ္အရြယ္မွာေတာ့ အကယ္ဒမီဆုၾကီးတစ္ဆုကို ပိုင္ဆိုင္နိုင္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒါရိုက္တာဏၾကီးနဲ့လည္း လက္ထပ္ထားခဲ့တဲ့ ပိုင္ျဖိဳးသုက ဒီကေန့မွာေတာ့ သူမတို့ ဇနီးေမာင္နွံရဲ့ ဓာတ္ပံုတစ္ပံုေၾကာင့္ ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။

ပိုင္ျဖိဳးသုတို့ ဇနီးေမာင္နွံက မဲသြားေပးျပီး လက္သန္းပံုေလးေတြကို ေဖ့စ္ဘုတ္မွာတင္ခဲ့ရာ ပရိသတ္တစ္ေယာက္က ဏၾကီးတစ္ေယာက္တည္းသာ လက္ထပ္လက္စြပ္စြပ္ထားတာေၾကာင့္ ေမးခြန္းထုတ္လာတဲ့ ပရိသတ္အေပၚ အခုလိုပဲ ေျပာလာပါတယ္။ ပိုင္ျဖိဳးသုက “လက္ထပ္လက္စြပ္ကၾကာၾကာဝတ္ရင္အရာထင္ပါတယ္။ သ႐ုပ္ေဆာင္ဆိုတာက်ရာ ဇာတ္႐ုပ္သ႐ုပ္ေဆာင္ရတာမို့ wedding ringအရာႀကီးလက္မွာထင္လို့မရဘူးရွင့္။ လက္ထပ္တုန္းကလည္း တစ္တိုင္းျပည္လုံးသိေအာင္ ေၾကာ္ျငာၿပီးလက္ထပ္ထားတာပဲေလေနာ္။ wedding ringေလးခၽြတ္ထားတာနဲ႔ပဲ ကၽြန္မကခိုးၿပီး အပ်ိဳဟန္ေဆာင္လို့မွ မရတာပဲဟာကို ” ဆိုျပီး ရွင္းျပလာခဲ့ပါတယ္။

ပိုင္ျဖိဳးသုကေတာ့ လက္ထပ္လက္စြပ္္မစြပ္ထားတဲ့ အေၾကာင္းအရင္းကို အခ်က္က်က်ေျဖရွင္းလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ကိုယ့္ဘဝကိုယ္ မပိုင္တဲ့ သရုပ္ေဆာင္ေတြရဲ့ ဘဝကို နားလည္ၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Paing Phyo Thu’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

လက်ထပ်လက်စွပ်မဝတ်တာနဲ့ပဲ လင်မယားချင်းရန်ဖြစ်စေမယ့်စကားမျိုးပြောတဲ့ ပရိသတ်ကို အချက်ကျကျရှင်းပြပြောဆိုလာတဲ့ ပိုင်ဖြိုးသု

ဆရာဝန်မလေးတစ်ယောက်ဖြစ်သလို ပြည်သူချစ် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ကလေးဘဝကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိ အသက်သုံးဆယ်အရွယ်မှာတော့ အကယ်ဒမီဆုကြီးတစ်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာဏကြီးနဲ့လည်း လက်ထပ်ထားခဲ့တဲ့ ပိုင်ဖြိုးသုက ဒီကနေ့မှာတော့ သူမတို့ ဇနီးမောင်နှံရဲ့ ဓာတ်ပုံတစ်ပုံကြောင့် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံက မဲသွားပေးပြီး လက်သန်းပုံလေးတွေကို ဖေ့စ်ဘုတ်မှာတင်ခဲ့ရာ ပရိသတ်တစ်ယောက်က ဏကြီးတစ်ယောက်တည်းသာ လက်ထပ်လက်စွပ်စွပ်ထားတာကြောင့် မေးခွန်းထုတ်လာတဲ့ ပရိသတ်အပေါ် အခုလိုပဲ ပြောလာပါတယ်။ ပိုင်ဖြိုးသုက “လက်ထပ်လက်စွပ်ကကြာကြာဝတ်ရင်အရာထင်ပါတယ်။ သရုပ်ဆောင်ဆိုတာကျရာ ဇာတ်ရုပ်သရုပ်ဆောင်ရတာမို့ wedding ringအရာကြီးလက်မှာထင်လို့မရဘူးရှင့်။ လက်ထပ်တုန်းကလည်း တစ်တိုင်းပြည်လုံးသိအောင် ကြော်ငြာပြီးလက်ထပ်ထားတာပဲလေနော်။ wedding ringလေးချွတ်ထားတာနဲ့ပဲ ကျွန်မကခိုးပြီး အပျိုဟန်ဆောင်လို့မှ မရတာပဲဟာကို ” ဆိုပြီး ရှင်းပြလာခဲ့ပါတယ်။

ပိုင်ဖြိုးသုကတော့ လက်ထပ်လက်စွပ်မစွပ်ထားတဲ့ အကြောင်းအရင်းကို အချက်ကျကျဖြေရှင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ့်ဘဝကိုယ် မပိုင်တဲ့ သရုပ်ဆောင်တွေရဲ့ ဘဝကို နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Paing Phyo Thu’s fb
Bilie – Cele Connections