ကိုဗစ်ပိုးပျောက်ကင်းသွားပြီဆိုပေမယ့်လည်း နေ့စဉ်နဲ့အမျှ ဆေးထိုးဆေးသောက်တွေအများကြီး ပြုလုပ်နေရသေးကြောင်း ပြသလာတဲ့ ကျော်သူ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ေက်ာ္သူကေတာ့ အႏုပညာေလာကမွာ ႏွစ္ေပါင္း (၃၀) ေက်ာ္လႊမ္းမိုးမႈရွိခဲ့ၿပီး အကယ္ဒမီဆုႀကီးေတြကိုလည္း လက္ဝယ္ပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ေက်ာ္သူကေတာ့ အသက္အ႐ြယ္တစ္ခုေရာက္ရွိလာခ်ိန္မွာ အႏုပညာလုပ္ငန္းေတြနဲ႔အတူတူ လူမႈေရးလုပ္ငန္းေတြအတြက္လည္း အခ်ိန္ေတြမ်ားစြာ စိုက္ထုတ္ခဲ့ၿပီး လက္ရွိမွာလည္း နာေရးကူညီမႈအသင္း (ဥကၠဠ) တစ္ေယာက္အျဖစ္ တာဝန္ယူေဆာင္႐ြက္ေနတာပဲ ျဖစ္ပါတယ္။

Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရျပီး ေဆးရံုကဆင္းလာခဲ့ျပီျဖစ္တဲ့ ေက်ာ္သူကေတာ့ ကိုဗစ္ေရာဂါပိုးေပ်ာက္ကင္းသြားျပီဆိုေပမယ့္လည္း သူ့ရဲ့ အခံေရာဂါေတြေၾကာင့္ ေဆးကုမႈေတြနဲ့ ေဆးဝါးသံုးစြဲမႈေတြကုိ ျပဳလုပ္ေနရဆဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေက်ာ္သူက ဆီးခ်ိဳေရာဂါေၾကာင့္ ေဆးထိုးေဆးေသာက္လုပ္ေနရတဲ့သူ့ရဲ့ပံုကို မွ်ေဝရင္း “မူးယစ္မဟုတ္ဘူးေနာ္…ဆီးခ်ိဳေဆးထိုး ေဆးဝါးမွီဝဲ…က်န္းမာေရးအတြက္ပဲ။” ဆိုျပီး ဇရာရဲ့တိုက္စားမႈအရ တစ္ေန့တစ္ေန့ ေဆးထိုးေဆးေသာက္အမ်ားၾကီးလုပ္ရေၾကာင္း ျပသလာပါတယ္။

ေက်ာ္သူကေတာ့ နွလံုးခြဲစိတ္ထားရတာျဖစ္ျပီး ဆီးခ်ိဳေရာဂါကိုလည္း ခံစားေနရတာေၾကာင့္ ေန့စဥ္ ေဆးထိုးေဆးေသာက္ ျပဳလုပ္ေနရဆဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းတဲ့ ဦးေက်ာ္သူၾကီး သက္ရွည္က်န္းမာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုဗစ်ပိုးပျောက်ကင်းသွားပြီဆိုပေမယ့်လည်း နေ့စဉ်နဲ့အမျှ ဆေးထိုးဆေးသောက်တွေအများကြီး ပြုလုပ်နေရသေးကြောင်း ပြသလာတဲ့ ကျော်သူ

နိုင်ငံကျော် သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူကတော့ အနုပညာလောကမှာ နှစ်ပေါင်း (၃၀) ကျော်လွှမ်းမိုးမှုရှိခဲ့ပြီး အကယ်ဒမီဆုကြီးတွေကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ကျော်သူကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ အနုပညာလုပ်ငန်းတွေနဲ့အတူတူ လူမှုရေးလုပ်ငန်းတွေအတွက်လည်း အချိန်တွေများစွာ စိုက်ထုတ်ခဲ့ပြီး လက်ရှိမှာလည်း နာရေးကူညီမှုအသင်း (ဥက္ကဠ) တစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ဆေးရုံကဆင်းလာခဲ့ပြီဖြစ်တဲ့ ကျော်သူကတော့ ကိုဗစ်ရောဂါပိုးပျောက်ကင်းသွားပြီဆိုပေမယ့်လည်း သူ့ရဲ့ အခံရောဂါတွေကြောင့် ဆေးကုမှုတွေနဲ့ ဆေးဝါးသုံးစွဲမှုတွေကို ပြုလုပ်နေရဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျော်သူက ဆီးချိုရောဂါကြောင့် ဆေးထိုးဆေးသောက်လုပ်နေရတဲ့သူ့ရဲ့ပုံကို မျှဝေရင်း “မူးယစ်မဟုတ်ဘူးနော်…ဆီးချိုဆေးထိုး ဆေးဝါးမှီဝဲ…ကျန်းမာရေးအတွက်ပဲ။” ဆိုပြီး ဇရာရဲ့တိုက်စားမှုအရ တစ်နေ့တစ်နေ့ ဆေးထိုးဆေးသောက်အများကြီးလုပ်ရကြောင်း ပြသလာပါတယ်။

ကျော်သူကတော့ နှလုံးခွဲစိတ်ထားရတာဖြစ်ပြီး ဆီးချိုရောဂါကိုလည်း ခံစားနေရတာကြောင့် နေ့စဉ် ဆေးထိုးဆေးသောက် ပြုလုပ်နေရဆဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဦးကျော်သူကြီး သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu’s fb
Bilie – Cele Connections