ပထမဆုံး Live လွှင့်ရောင်းချတဲ့ ရက်မှာပဲ ရတနာတွေကို သိန်း(၂၀၀၀)ကျော်ဖိုးအထိ ရောင်းချနိုင်ခဲ့လို့ ဝမ်းသာပျော်ရွှင်နေတဲ့ ဝါဆိုမိုးဦး

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






(Cele Active World)

Unicode ဖြင့်ဖတ်ပါ
★★★★★

ပထမဆုံး Live လွှင့်ရောင်းချိန်လေးမှာပဲ သိန်း(၂၀၀၀)ကျော်ဖိုး ရောင်းချနိုင်ခဲ့လို့ ကျေးဇူတင် ဝမ်းသာမဆုံးဖြစ်နေတဲ့ ဝါဆိုမိုးဦး

ပရိသတ်ကြီးရေ သရုပ်ဆောင် မော်ဒယ် ဝါဆိုမိုးဦးကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဝါဆိုမိုးဦးကတော့ ကလေးဘဝတည်းက အနုပညာလမ်းကြောင်းပေါ်မှာ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိခဲ့သူပဲဖြစ်ပါတယ်နော်.။

ဝါဆိုမိုးဦးကတော့ အခုဆိုကလေးသရုပ်ဆောင်အရွယ် ချစ်စရာကောင်းတဲ့ ကလေးမလေးအသွင်ကနေ ဆွဲဆောင်မှု ရှိရှိ လှပသူ မော်ဒယ်သရုပ်ဆောင်မလေး တစ်ယောက်ဖြစ်ကာ အများအားကျတဲ့ ပျော်ရွှင်စရာ အချစ်ရေးကိုလည်း ပိုင်ဆိုင်ထားသူပါ.။

အဆိုတော်ဖြိုးလေးနဲ့ ချစ်သူသက်တမ်း ကြာမြင့်တဲ့ အတွဲလေးတစ်တွဲအဖြစ်အများရဲ့ အားကျမှု ရထားသူ ဆိုဆိုကတော့ ချစ်သူရဲ့ အမြဲ စပရိုက်လုပ်ကာ ချစ်ခင်ပေးမှုတွေကို ရရှိထားသူလေးပါ.။

နိုဝင်ဘာလ (၇)ရက်နေ့မှာတော့ ဝါဆိုမိုးဦးက အခြားသော အနုပညာရှင်တွေလိုပဲ Live လွှင့်ကာ ကျောက်မျက်ရတနာတွေကို ရောင်းပေးတဲ့ အလုပ်ကို လုပ်ခဲ့ပြီးနောက်မှာ သိန်း(၂၀၀၀) ထောင်ကျော်ဖိုးရောင်းရလို့ ပျော်ရွှင်ကျေးဇူးတင်စာလေးကို “ဒီနေ့ THEIA by TreasureLink live sale လေးမှာ သိန်း၂ထောင်ကျော်ဖိုး ဝယ်ယူအားပေးကြတယ် ဆိုဆိုကိုချစ်တဲ့ ချစ်ပရိတ်သတ်မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးပဲတင်ပါတယ်ရှင်

ဒီဇိုင်းလေးတွေအရမ်းလှလို့ ဆိုဆိုလဲနားကပ်လေးဝယ်ပြီးအားပေးလာတယ်” ဆိုပြီးသူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပထမဆုံး Live လွှင့်ရက်လေးမှာတင် သိန်း(၂၀၀၀) ကျော်ဖိုးရောင်းရလို့ ဝါဆိုမိုးဦးလေးတစ်ယောက် ပျော်ရွှင်မဆုံးဖြစ်နေမယ်ဆိုတာ အသေချာပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Warso Moe Oo’s Facebook
(Cele Active World)