ချစ်သူကို အနုပညာရှင်တွေထဲက လုံးဝမရွေးချယ်ဘူးလို့ ပြတ်ပြတ်သားသားဆိုလာတဲ့ တချိန်က ဘန်နီဖြိုးရဲ့ ရည်စားဟောင်း Beauty Blogger ဟန်နာယူရီ
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Cele Active World
Unicode ဖြင့်ဖတ်ပါ
★★★★★
ချစ်သူကို အနုပညာရှင်တွေထဲက လုံးဝမရွေးချယ်ဘူးလို့ ဆိုလာတဲ့ တချိန်က ဘန်နီဖြိုးရဲ့ ရည်စားဟောင်း Beauty Blogger ဟန်နာယူရီ…
ပရိသတ်ကြီးရေ Beauty Blogger လည်းဖြစ်သူ အရုပ်မလေးလိုလှရက်သူ ဟန်နာယူရီကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ဟန်နာယူရီကတော့ Beauty Blogger လည်းဖြစ်သူ ကိုရီးယားမလေး လိုသူ တိုင်းရင်းသူ လေးတစ်ယောက်ပဲဖြစ်ပါတယ်နော်.။
အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာနဲ့ Photo Shoot လေးတွေ ရိုက်ကူးသူ ဟန်နာယူရီရဲ့ အချစ်ရေးသတင်းကိုတော့ ပရိသတ်ကြီးလည်း သိပြီးဖြစ်မယ် ထင်ပါတယ်.။ အချိန်တော်ကြာ အချစ်ရေးနဲ့ပတ်သက်ပြီး ငြိမ်နေသူ ဟန်နာကတော့ ဒီနေ့ နိုဝင်ဘာလ (၉)ရက်နေ့မှာ အချစ်ရေးနဲ့ပတ်သက်ပြီး သူမခံယူတဲ့ ခံယူချက်လေးကို “ဇာတ်လမ်းကြည့်ရင်း တွေးမိတာ ကျွန်မရဲ့ ပြောင်းလဲသွားတဲ့ Relationship ခံယူချက်တစ်ခုကို သတိထားမိတယ်.။
လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲ့လူ ဘာဖြစ်ဖြစ် ုအဆိုးအကောင်းအနိမ့်အမြင့် အတက်ကျ ချစ်မှာ.။ ရည်းစားဟောင်းလည်း ကိုယ်အရမ်းချစ်ခဲ့တဲ့ သူ အကြောင်းရင်းတစ်ခုကြောင့် နှစ်ဦးချစ်ရက် လမ်းခွဲခဲ့ရင် အဲ့လူ ပြန်လာရင် ကိုယ် ချစ်သေးရင် ပြန်လက်ခံမှာပဲ။
ဒါပေမယ့် လူက အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်သစ္စာမဲ့တာတို့ အခြားမိန်းမနဲ့ ပတ်သက်ပြီးမှ ဒုက္ခရောက် နောင်တရ ပြန်လာတယ်ဆိုရင်တော့ ဘယ်လိုမှ ပြန်လက်ခံမတွဲနိုင်ဘူး.။ လုံးဝ ခွင့်မလွှတ်နိုင်ဘူး.။ ကိုယ်ချစ်သူ ကိုယ်ပဲ ပိုင်ရမယ်.။ ဒါကြောင့် ချစ်သူလည်း အနုပညာရှင်ထဲက လုံးဝမတွဲဘူး .။ မခံစားနိုင်ဘူး .။ ကိုယ်စိတ်ဝင်စားမိတဲ့ သူတောင် Girls တွေ ပုံတွေမှာ Heart ထိုင်ပေးနေရင် ဒိုးပဲ” ဆိုပြီး သူမရဲ့ My Dayမှာ တင်လာခဲ့ပါတယ်.။
ဟန်နာယူရီလေးကတော့ သူမရဲ့ အနာဂတ်မှာ ချစ်လာမယ့်သူကို အနုပညာရှင်ထဲက ထပ်မရွေးတော့ဘူးလို့ တစ်ထစ်ချ ဆုံးဖြတ်လိုက်ပုံပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။
Source: Hanna Yu Ri’ sfacebook
Cele Active World