ငယ်ငယ်ကတည်းက ရာဇာနေဝင်းတို့အိမ်ကို ဝင်ထွက်သွားလာရင်းနဲ့ ဟေမာနေဝင်းဆီက ကောင်းတဲ့အကျင့်လေးတစ်ခုကို အတုယူတတ်ခဲ့ကြောင်း ပြောပြလာတဲ့ မေကဗျာ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာမင္းသမီးတစ္ေယာက္ပီပီ ေသးသြယ္တဲ့ ခႏၶာကိုယ္၊ ညိဳစိမ့္တဲ့ အသားအရည္ေလးနဲ့ အရမ္းကိုလွတဲ့ မင္းသမီးေခ်ာေလး ေမကဗ်ာကေတာ့ ဗီဒီယိုဇာတ္ကားနဲ့ သီခ်င္းဗီစီဒီေတြ ရိုက္ကူးရင္း အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ လက္ရိွအခ်ိန္ထိလည္း အနုပညာအလုပ္ေတြကုိ တစိုက္မတ္မတ္လုပ္ကိုင္ေနတဲ့ ေမကဗ်ာကေတာ့ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကိုလည္း အျပည့္အဝရရိွပိုင္ဆိုင္ေနဆဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေမကဗ်ာက သူမရဲ့ က်န္းမာေရးအေျခအေနေၾကာင့္ အိမ္မွာပဲ အနားယူေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေမကဗ်ာက အိမ္သန့္ရွင္းေရးလုပ္ရင္းနဲ့ အဆိုေတာ္ ေဟမာေနဝင္းဆီကေန အတုယူခဲ့တဲ့ အခ်က္ေလးတစ္ခ်က္ကို ေျပာျပလာပါတယ္။

“ဒီေန႔ေတာ့တအိမ္လုံးတေယာက္တည္း သန႔္ရွင္းေရးလုပ္ပစ္လိုက္တယ္။ မားသားမဆူနဲ႔ေနာ္။ အေမက ပိုးေမြးသလို လႉပ္လႉပ္ရွားရွားလုပ္မွာစိုးလို႔ အရံသင့္အကုန္လုပ္ေပး။ အေမက တစ္ခါပဲေမြးေပးတာမဟုတ္ဘူး။ ကို႔အသက္ကို ခဏခဏကို ကယ္ျပီးေမြးေပးေနတာ အႀကိမ္ေပါင္းမနည္းေတာ့ဘူး။ ခုေတာ့ အားရွိေနေကာင္း အဲ့အားေတြနဲ႔ ပိုးသတ္ေဆးျဖန္း ၾကမ္းတိုက္ အိမ္မသန႔္ရင္မေနတတ္တာ အက်င့္ျဖစ္ေနေတာ့ ၾကမ္းကလည္းပိုးသတ္ေဆးနဲ႔တေန႔တခါမတိုက္ရရင္စိတ္ကမသန႔္”

“ငယ္ငယ္တည္း ကိုရာဇာေနဝင္းတို႔အိမ္မွာမိသားစုလို ဝင္ထြက္သြားလာတည္းက မေဟမာကတေနလုံး ၾကည့္လိုက္ရင္ အိမ္သန္ရွင္းေရးအၿမဲလုပ္ေနတာ ဘယ္အခ်ိန္ ၾကည့္ၾကည့္ ဖုန႔္မႉန႔္တစက္ရွိရင္မေနတတ္တာ အၿမဲသုတ္ေနတာ ေတြ႕တည္းက ေကာင္းတဲ့အက်ငိ့ေလးကိုအတုယူခဲ့တာ ဒီေန႔ထိပဲ အိမ္ကသန႔္ရွင္းပီး ပုံစံအမ်ိဴးမ်ိဳးေျပာင္း အပင္ေလးေတြေရေလာင္း တခါတေလ အၿမဲေတြ႕တိုင္း သန႔္ရွင္းေရးပဲလုပ္ေနေတာ့ over ျဖစ္တယ္ေပါ့ Normal မဟုတ္ဘူးေတာင္ထင္ခဲ့မိတာ။ အခုေတာ့ကိုလည္း အဲ့လိုျဖစ္ေနပီ စိတ္ကသန႔္ရွင္းေနမွ အလုပ္နဲ႔လက္နဲ႔ မျပတ္ လုပ္ေနရမွ ေနသာထိုင္သာရွိတာ မပ်င္းတတ္တဲ့ အက်င့္ေကာင္းေလးအေမေမြးတည္း ကထည့္ေပးလိုက္တာ ေက်းဇူးပါ ခုေတာ့ အေမေမြးေပးထားတဲ့ အားေတြ နည္းနည္းေလ်ာ့သြားလို႔ ျပန္စား ျပန္ေမြး ျပန္အိပ္ ဘုရားရွိခိုးပုတီးစိပ္ပါေတာ့မယ္” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားလာပါတယ္။

ေမကဗ်ာကေတာ့ ရာဇာေနဝင္းနဲ့ အလုပ္ေတြ အတူတူလုပ္ကိုင္ခဲ့စဥ္က ရာဇာေနဝင္းတို့ အိမ္မွာ ဝင္ထြက္သြားလာရင္းနဲ့ ရာဇာေနဝင္းရဲ့အစ္မ အဆိုေတာ္ ေဟမာေနဝင္းဆီကေန အက်င့္ေကာင္းေလးတစ္ခုကို အတုယူတတ္ခဲ့ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: May Kabyar’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

ငယ်ငယ်ကတည်းက ရာဇာနေဝင်းတို့အိမ်ကို ဝင်ထွက်သွားလာရင်းနဲ့ ဟေမာနေဝင်းဆီက ကောင်းတဲ့အကျင့်လေးတစ်ခုကို အတုယူတတ်ခဲ့ကြောင်း ပြောပြလာတဲ့ မေကဗျာ

မြန်မာမင်းသမီးတစ်ယောက်ပီပီ သေးသွယ်တဲ့ ခန္ဓာကိုယ်၊ ညိုစိမ့်တဲ့ အသားအရည်လေးနဲ့ အရမ်းကိုလှတဲ့ မင်းသမီးချောလေး မေကဗျာကတော့ ဗီဒီယိုဇာတ်ကားနဲ့ သီချင်းဗီစီဒီတွေ ရိုက်ကူးရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေတဲ့ မေကဗျာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မေကဗျာက သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် အိမ်မှာပဲ အနားယူနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေကဗျာက အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ အဆိုတော် ဟေမာနေဝင်းဆီကနေ အတုယူခဲ့တဲ့ အချက်လေးတစ်ချက်ကို ပြောပြလာပါတယ်။

“ဒီနေ့တော့တအိမ်လုံးတယောက်တည်း သန့်ရှင်းရေးလုပ်ပစ်လိုက်တယ်။ မားသားမဆူနဲ့နော်။ အမေက ပိုးမွေးသလို လှူပ်လှူပ်ရှားရှားလုပ်မှာစိုးလို့ အရံသင့်အကုန်လုပ်ပေး။ အမေက တစ်ခါပဲမွေးပေးတာမဟုတ်ဘူး။ ကို့အသက်ကို ခဏခဏကို ကယ်ပြီးမွေးပေးနေတာ အကြိမ်ပေါင်းမနည်းတော့ဘူး။ ခုတော့ အားရှိနေကောင်း အဲ့အားတွေနဲ့ ပိုးသတ်ဆေးဖြန်း ကြမ်းတိုက် အိမ်မသန့်ရင်မနေတတ်တာ အကျင့်ဖြစ်နေတော့ ကြမ်းကလည်းပိုးသတ်ဆေးနဲ့တနေ့တခါမတိုက်ရရင်စိတ်ကမသန့်”

“ငယ်ငယ်တည်း ကိုရာဇာနေဝင်းတို့အိမ်မှာမိသားစုလို ဝင်ထွက်သွားလာတည်းက မဟေမာကတနေလုံး ကြည့်လိုက်ရင် အိမ်သန်ရှင်းရေးအမြဲလုပ်နေတာ ဘယ်အချိန် ကြည့်ကြည့် ဖုန့်မှူန့်တစက်ရှိရင်မနေတတ်တာ အမြဲသုတ်နေတာ တွေ့တည်းက ကောင်းတဲ့အကျငိ့လေးကိုအတုယူခဲ့တာ ဒီနေ့ထိပဲ အိမ်ကသန့်ရှင်းပီး ပုံစံအမျိူးမျိုးပြောင်း အပင်လေးတွေရေလောင်း တခါတလေ အမြဲတွေ့တိုင်း သန့်ရှင်းရေးပဲလုပ်နေတော့ over ဖြစ်တယ်ပေါ့ Normal မဟုတ်ဘူးတောင်ထင်ခဲ့မိတာ။ အခုတော့ကိုလည်း အဲ့လိုဖြစ်နေပီ စိတ်ကသန့်ရှင်းနေမှ အလုပ်နဲ့လက်နဲ့ မပြတ် လုပ်နေရမှ နေသာထိုင်သာရှိတာ မပျင်းတတ်တဲ့ အကျင့်ကောင်းလေးအမေမွေးတည်း ကထည့်ပေးလိုက်တာ ကျေးဇူးပါ ခုတော့ အမေမွေးပေးထားတဲ့ အားတွေ နည်းနည်းလျော့သွားလို့ ပြန်စား ပြန်မွေး ပြန်အိပ် ဘုရားရှိခိုးပုတီးစိပ်ပါတော့မယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာပါတယ်။

မေကဗျာကတော့ ရာဇာနေဝင်းနဲ့ အလုပ်တွေ အတူတူလုပ်ကိုင်ခဲ့စဉ်က ရာဇာနေဝင်းတို့ အိမ်မှာ ဝင်ထွက်သွားလာရင်းနဲ့ ရာဇာနေဝင်းရဲ့အစ်မ အဆိုတော် ဟေမာနေဝင်းဆီကနေ အကျင့်ကောင်းလေးတစ်ခုကို အတုယူတတ်ခဲ့ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: May Kabyar’s fb
Bilie – Cele Connections