“ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” အတွက် အနယ်နယ်အရပ်ရပ်ကပံ့ပိုးကူညီသူတွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ခရစ္စတီနာခီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေ႐ြးေကာက္ပြဲအတြက္ မဲေပးျခင္းၿပီးဆုံးသြားေပမယ့္လည္း အႏုပညာရွင္ေတြကေတာ့ သူတို႔ယုံၾကည္ရာပါတီအတြက္ ႀကိဳးပမ္းမႈေတြ ျပဳလုပ္ေနဆဲပါ ။ ႐ုပ္ရွင္ကားတစ္ကားထဲနဲ႔ ပရိသတ္ေတြရင္ထဲကို ထိုးေဖာက္ေနရာ ယူႏိုင္ခဲ့တဲ့ ဒါ႐ိုက္တာ ခရစၥတီနာခီကလည္း “ခြပ္ေဒါင္းေအာင္လံျပည့္သူ႔အသံ” ဆိုတဲ့ သူမရဲ႕ Page ေလးကေနတဆင့္ NLD အတြက္႐ိုက္ကူးေရးေတြ ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္ ၊

ခရစၥတီနာခီ က သူမ တို႔ရဲ႕ “ခြပ္ေဒါင္းေအာင္လံျပည့္သူ႔အသံ” page အတြက္ ႐ိုက္ကူး၊တည္းျဖတ္၊ ပံ့ပိုးေပးခဲ့သူမ်ားနဲ႔အတူ ႐ိုက္ကူးထားတဲ့ ပုံရိပ္ေလးေတြကို ပရိသတ္ေတြကိုမွ်ေဝေပးလာခဲ့ပါတယ္ ။ ဒီဓါတ္ပုံထဲမွာ editor တေယာက္နဲ႔ကားဆရာ ၄ေယာက္ေတာ့မပါဝင္ဘူးလို႔လည္းေရးသားေဖာ္ျပထားပါေသးတယ္ ။ အနယ္နယ္အရပ္ရပ္မွာ႐ိုက္ကူးေရးအဆင္ေျပဖို႔ပံ့ပိုးေပးခဲ့သူမ်ားအားလုံးကိုလည္းေက်းဇူးတင္စကားဆိုခဲ့ၿပီး ႐ိုက္ကူးေရးအတြက္ သူမ အလုပ္မ်ားေနခ်ိန္မွာ ႏိုဝါေလးကိုထိန္းေပးတဲ့ ညီမအယ္ဘူေစးနဲ႔ ကယားမွာသားသားေလးနဲ႔အေဖာ္ေနေပးတဲ့ေမာင္ေလးေဝယံတို႔ကိုလည္းေက်းဇူးအထူးတင္ပါတယ္လို႔ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေက်းဇူးတင္စကားဆိုခဲ့ပါတယ္ ။

ပရိသတ္ေတြကေတာ့ NLD ေအာင္ႏိုင္ေရး အတြက္ အမ်ားႀကီး အေထာက္အကူျပဳတဲ့ ဒီအစီအစဥ္ေလးကို အရမ္းသေဘာက်ေၾကာင္း ေရးသားမွတ္ခ်က္ေပးခဲ့ၾကပါတယ္ ။ ပရိသတ္ႀကီးကလည္း ဒါ႐ိုက္တာ ခရစၥတီနာခီရဲ႕ “ခြပ္ေဒါင္းေအာင္လံျပည့္သူ႔အသံ” ဆိုတဲ့ Page ေလးက တင္ဆက္မႈေတြကို အားေပးၾကပါဦးေနာ္ ။

Source : Christina Kyi
Emily (Cele Gabar)

Unicode ဖြင့်ဖတ်ပါ
★★★★★

ရွေးကောက်ပွဲအတွက် မဲပေးခြင်းပြီးဆုံးသွားပေမယ့်လည်း အနုပညာရှင်တွေကတော့ သူတို့ယုံကြည်ရာပါတီအတွက် ကြိုးပမ်းမှုတွေ ပြုလုပ်နေဆဲပါ ။ ရုပ်ရှင်ကားတစ်ကားထဲနဲ့ ပရိသတ်တွေရင်ထဲကို ထိုးဖောက်နေရာ ယူနိုင်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီနာခီကလည်း “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” ဆိုတဲ့ သူမရဲ့ Page လေးကနေတဆင့် NLD အတွက်ရိုက်ကူးရေးတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ၊

ခရစ္စတီနာခီ က သူမ တို့ရဲ့ “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” page အတွက် ရိုက်ကူး၊တည်းဖြတ်၊ ပံ့ပိုးပေးခဲ့သူများနဲ့အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ဒီဓါတ်ပုံထဲမှာ editor တယောက်နဲ့ကားဆရာ ၄ယောက်တော့မပါဝင်ဘူးလို့လည်းရေးသားဖော်ပြထားပါသေးတယ် ။ အနယ်နယ်အရပ်ရပ်မှာရိုက်ကူးရေးအဆင်ပြေဖို့ပံ့ပိုးပေးခဲ့သူများအားလုံးကိုလည်းကျေးဇူးတင်စကားဆိုခဲ့ပြီး ရိုက်ကူးရေးအတွက် သူမ အလုပ်များနေချိန်မှာ နိုဝါလေးကိုထိန်းပေးတဲ့ ညီမအယ်ဘူစေးနဲ့ ကယားမှာသားသားလေးနဲ့အဖော်နေပေးတဲ့မောင်လေးဝေယံတို့ကိုလည်းကျေးဇူးအထူးတင်ပါတယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။

ပရိသတ်တွေကတော့ NLD အောင်နိုင်ရေး အတွက် အများကြီး အထောက်အကူပြုတဲ့ ဒီအစီအစဉ်လေးကို အရမ်းသဘောကျကြောင်း ရေးသားမှတ်ချက်ပေးခဲ့ကြပါတယ် ။ ပရိသတ်ကြီးကလည်း ဒါရိုက်တာ ခရစ္စတီနာခီရဲ့ “ခွပ်ဒေါင်းအောင်လံပြည့်သူ့အသံ” ဆိုတဲ့ Page လေးက တင်ဆက်မှုတွေကို အားပေးကြပါဦးနော် ။

Source : Christina Kyi
Emily (Cele Gabar)