ဇာတ်လမ်းတွဲအသစ်လေးထုတ်လွှင့်မပြသခင်မှာ ဆရာသမားကို သွားရောက်ဂါရဝပြုခဲ့တဲ့ ဝေလာရီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဇာတ္လမ္းတြဲအသစ္ေလးထုတ္လႊင့္မျပသခင္မွာ ဆရာသမားကို သြားေရာက္ဂါရဝျပဳခဲ့တဲ့ ေဝလာရီႏွင္းဆီဇာတ္လမ္းတြဲထဲက ေမာ္ အျဖစ္နဲ႔ ပရိသတ္အသိမွတ္ျပဳအားေပးျခင္းရရွိခဲ့တဲ့ ေဝလာရီကေတာ့ မြန္တိုင္းရင္းသူေလးတစ္ေယာက္ျဖစ္ၿပီး ဝင္းဝါျဖဴစင္တဲ့အသားအရည္နဲ႔ ခ်စ္ဖို႔ေကာင္းတဲ့မ်က္ႏွာေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ ဇာတ္လမ္းတြဲေတြ၊ ေၾကာ္ျငာ႐ိုက္ကူးေရးအႏုပညာအလုပ္ေတြအျပင္ မိုး႐ိုးရာအထည္ေတြကိုလည္း ေရာင္းခ်လ်က္ရွိၿပီး ဘဝတိုးတက္ေအာင္ျမင္ေရးအတြက္ အစဥ္တစိုက္ႀကိဳးစားေနသူတစ္ေယာက္မို႔ ပရိသတ္ေတြက အခ်စ္ပိုေနရသူေလးလည္း ျဖစ္ပါတယ္။

လာမယ့္ ႏိုဝင္ဘာလ(၁၆) ရက္ေန႔ MRTV-4 ကေနထုတ္လႊင့္ျပသမယ့္ မမွီဝဲနဲ႔ကင္းေအာင္ေန ဇာတ္လမ္းတြဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားၿပီး မေန႔ကေတာ့ ဇာတ္လမ္းတြဲမျပသခင္ ကိုယ့္ရဲ႕ဆရာတစ္ပါးလို ေလးစားခ်စ္ခင္ရတဲ့ ဒါ႐ိုက္တာဦးဟိန္းစိုးကို သြားေရာက္ဂါရဝျပဳခဲ့ေၾကာင္း ပရိသတ္ႀကီးကို မွ်ေဝခဲ့ပါတယ္။ လိမၼာသိတတ္တဲ့ ေဝလာရီကိုေတာ့ ပရိသတ္ေတြက ခ်ီးက်ဴးစကားဆိုခဲ့ၾကသလို အႏုပညာလမ္းေၾကာင္းမွာ ဒီထက္မက ေအာင္ျမင္ေစဖို႔လည္း ဆုေတာင္းေပးခဲ့ၾကပါတယ္။

မမွီဝဲနဲ႔ကင္းေအာင္ေန ဇာတ္လမ္းတြဲထဲမွာေတာ့ ေကာင္းသူကို ေကာင္းတယ္လို႔ျမင္ၿပီး ဆိုးသူကို ဆိုးတယ္လို႔ ေျပာတတ္တဲ့ က႐ုဏာတရားရွိတဲ့မိန္းကေလး လူသားဆန္တဲ့မိန္းကေလး ေဆာင္း ကာ႐ိုက္တာေလးနဲ႔ ေဝလာရီကို ေတြ႕ျမင္ရမွာပါေနာ္။မၾကာခင္အခ်ိန္အတြင္းမွာ MRTV-4 ကေနထုတ္လႊင့္ျပသေတာ့မွာမို႔ ေဝလာရီရဲ႕ခ်စ္ပရိသတ္ႀကီးလည္း ေစာင့္ေမွ်ာ္အားေပးဖို႔ မေမ့ၾကပါနဲ႔ဦးေနာ္။

Source- Wai Lar Ri
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ဇာတ်လမ်းတွဲအသစ်လေးထုတ်လွှင့်မပြသခင်မှာ ဆရာသမားကို သွားရောက်ဂါရဝပြုခဲ့တဲ့ ဝေလာရီနှင်းဆီဇာတ်လမ်းတွဲထဲက မော် အဖြစ်နဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိခဲ့တဲ့ ဝေလာရီကတော့ မွန်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး ဝင်းဝါဖြူစင်တဲ့အသားအရည်နဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ဇာတ်လမ်းတွဲတွေ၊ ကြော်ငြာရိုက်ကူးရေးအနုပညာအလုပ်တွေအပြင် မိုးရိုးရာအထည်တွေကိုလည်း ရောင်းချလျက်ရှိပြီး ဘဝတိုးတက်အောင်မြင်ရေးအတွက် အစဉ်တစိုက်ကြိုးစားနေသူတစ်ယောက်မို့ ပရိသတ်တွေက အချစ်ပိုနေရသူလေးလည်း ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ(၁၆) ရက်နေ့ MRTV-4 ကနေထုတ်လွှင့်ပြသမယ့် မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး မနေ့ကတော့ ဇာတ်လမ်းတွဲမပြသခင် ကိုယ့်ရဲ့ဆရာတစ်ပါးလို လေးစားချစ်ခင်ရတဲ့ ဒါရိုက်တာဦးဟိန်းစိုးကို သွားရောက်ဂါရဝပြုခဲ့ကြောင်း ပရိသတ်ကြီးကို မျှဝေခဲ့ပါတယ်။ လိမ္မာသိတတ်တဲ့ ဝေလာရီကိုတော့ ပရိသတ်တွေက ချီးကျူးစကားဆိုခဲ့ကြသလို အနုပညာလမ်းကြောင်းမှာ ဒီထက်မက အောင်မြင်စေဖို့လည်း ဆုတောင်းပေးခဲ့ကြပါတယ်။

မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲထဲမှာတော့ ကောင်းသူကို ကောင်းတယ်လို့မြင်ပြီး ဆိုးသူကို ဆိုးတယ်လို့ ပြောတတ်တဲ့ ကရုဏာတရားရှိတဲ့မိန်းကလေး လူသားဆန်တဲ့မိန်းကလေး ဆောင်း ကာရိုက်တာလေးနဲ့ ဝေလာရီကို တွေ့မြင်ရမှာပါနော်။မကြာခင်အချိန်အတွင်းမှာ MRTV-4 ကနေထုတ်လွှင့်ပြသတော့မှာမို့ ဝေလာရီရဲ့ချစ်ပရိသတ်ကြီးလည်း စောင့်မျှော်အားပေးဖို့ မမေ့ကြပါနဲ့ဦးနော်။

Source- Wai Lar Ri
Rainbow- Cele Gabar