နာမည်ကိုအသုံးပြုပြီး အနုပညာလောကသားတွေကို စကားလိုက်ပြောခဲ့တဲ့အကောင့်ပတ်သက်ပြီးသတိပေးလာတဲ့ ပိုင်ဖြိုးသု

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★



source : PaingPhyoThu

Unicode ဖြင့်ဖတ်ပါ
★★★★★

ပိုင်ဖြိုးသုကတော့ အသက်ငယ်ငယ်လေးနဲ့အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သလို လက်ရှိအချိန်မှာလည်း နာမည်ကျော်တဲ့မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေသူတစ်ယောက်ပါ။ သုသုလို့လည်းချစ်စနိုးခေါ်တဲ့ပိုင်ဖြိုးသုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ကနေပြီး နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မျှဝေပေးလေ့ရှိသူတစ်ယောက်ပါ။

အခုလည်း သူ့နာမည်ကိုအလွဲသုံးစားလုပ်နေတဲ့အကောင့်တစ်ခုအကြောင်းကို ပြောပြလာခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီ Viber accountက သုသုနာမည်နဲ့စကားတွေလိုက်ပြောနေပါတယ်…(အနုပညာလောကကသူတွေကိုပါလိုက်ပြောနေတာပါ ဓါတ်ပုံပါ‌တောင်းပါသေးတယ် ) ဒီ accountက သုသုနဲ့ဘယ်လိုမှသက်ဆိုင်ခြင်းမရှိပါဘူးရှင်…. ဒါကြောင့်မို့ ဒီaccountပိုင်ရှင်‌ရဲ့မည်သည့်လုပ်ရပ်အပြုအမူကိုမျှတာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ပါကြောင်း မေတ္တာရပ်ခံအသိပေးအပ်ပါတယ်ရှင်” ဆိုပြီးတော့ ရေးသားဖော်ပြလာာပါ။

အနုပညာရှင်တွေကတော့ မိမိနာမည်ကို အလွဲသုံးစားလုပ်တဲ့သူတွေကြောင့် စိတ်ညစ်ရလေ့ရှိတာပါ။ သုသုကတော့ နာမည်ကိုအလွဲသုံးစားလုပ်ပြီး အနုပညာလောကသားတွေကိုတောင်မှစကားပြောတဲ့Viberအကောင့်ရှိနေတာကို ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။
source : PaingPhyoThu