လူကြမ်းသရုပ်ဆောင် ဦးစိန်သန်း ကွယ်လွန်သွားပြီဖြစ်လို့ ဝမ်းနည်းကြေကွဲစွာ ပြောပြလာတဲ့ ဝေဠုကျော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ႀကီးေရ ငယ္ငယ္ေလးကတည္းက ဖိုက္တင္းဇာတ္ကားေတြထဲမွာ အမ်ားအျပားေတြ႕ရတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ဦးစိန္သန္း ကေတာ့ ယမေန႔ ႏိုဝင္ဘာလ ၁၀ ရက္ေန႔မွာဆိုရင္ ကြယ္လြန္ၿပီးျဖစ္ေၾကာင့္ ၾကားသိရပါတယ္။ ဦးစိန္သန္း က အႏုပညာနယ္ပယ္မွာ အေကာင္းဆုံးေလွ်ာက္လွမ္းလာခဲ့သူျဖစ္ၿပီး ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ေနရာတစ္ေနရာကို ရရွိထားတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ တစ္ဦးလည္းျဖစ္ပါတယ္။

ဒါ့အျပင္ စိတ္သေဘာထားျဖဴစင္ၿပီး လုပ္ေဖာ္ကိုင္ဖက္ အႏုပညာညီအစ္ကို ေမာင္ႏွမေတြကိုလည္း အၿမဲကူညီတတ္သူပဲ ျဖစ္ပါတယ္။ ယခုေနာက္ပိုင္းမွာေတာ့ ဦးစိန္သန္း က အသက္အ႐ြယ္ရလာတာေၾကာင့္ အႏုပညာအလုပ္ေတြကို ခဏတာရပ္နားထားတာကိုလည္း ေတြ႕ရပါတယ္။ ဦးစိန္သန္း ကြယ္လြန္သြားတာနဲ႔ ပတ္သက္ၿပီး မင္းသားေဝဠဳေက်ာ္ကေတာ့ သူ႔ရဲ႕ fb page ေလးမွာ ပရိသတ္ေတြကို စိတ္မေကာင္းစြာ ေရးသားေဖာ္ျပခဲ့ပါတယ္။

“လူၾကမ္းသ႐ုပ္ေဆာင္ ဦးစိန္သန္း ကြယ္လြန္သြားေၾကာင္း သိရသည့္ အတြက္ မိသားစုနဲ႔အတူ ဝမ္းနည္းေၾကကြဲရပါတယ္……ေကာင္းရာဘုံဘဝသို႔ ေရာက္ပါေစ ေလးေလးေရ…ကြၽန္ေတာ္ ျပဳခဲ့သမွ် ကုသိုလ္ အမွ်ေပးေဝလိုက္ပါတယ္……သာဓု ၃ႀကိမ္ ေခၚႏိူင္ပါေစ….ကုသိုလ္ အမွ် အမွ် အမွ် ယူပါ” ဆိုၿပီး ေရးသားေဖာ္ျပခဲ့ပါတယ္။ ပရိသတ္ႀကီးလည္း လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးစိန္သန္း ကို ဝမ္းနည္းေၾကကြဲကာ ေကာင္းရာသုကတိလားေအာင္ ဆုေတာင္းေပးလိုက္ပါဦးေနာ္…။

Swelsone News

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ ငယ်ငယ်လေးကတည်းက ဖိုက်တင်းဇာတ်ကားတွေထဲမှာ အများအပြားတွေ့ရတဲ့ လူကြမ်းသရုပ်ဆောင် ဦးစိန်သန်း ကတော့ ယမနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာဆိုရင် ကွယ်လွန်ပြီးဖြစ်ကြောင့် ကြားသိရပါတယ်။ ဦးစိန်သန်း က အနုပညာနယ်ပယ်မှာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို ရရှိထားတဲ့ လူကြမ်းသရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် စိတ်သဘောထားဖြူစင်ပြီး လုပ်ဖော်ကိုင်ဖက် အနုပညာညီအစ်ကို မောင်နှမတွေကိုလည်း အမြဲကူညီတတ်သူပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဦးစိန်သန်း က အသက်အရွယ်ရလာတာကြောင့် အနုပညာအလုပ်တွေကို ခဏတာရပ်နားထားတာကိုလည်း တွေ့ရပါတယ်။ ဦးစိန်သန်း ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး မင်းသားဝေဠုကျော်ကတော့ သူ့ရဲ့ fb page လေးမှာ ပရိသတ်တွေကို စိတ်မကောင်းစွာ ရေးသားဖော်ပြခဲ့ပါတယ်။

“လူကြမ်းသရုပ်ဆောင် ဦးစိန်သန်း ကွယ်လွန်သွားကြောင်း သိရသည့် အတွက် မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ်……ကောင်းရာဘုံဘဝသို့ ရောက်ပါစေ လေးလေးရေ…ကျွန်တော် ပြုခဲ့သမျှ ကုသိုလ် အမျှပေးဝေလိုက်ပါတယ်……သာဓု ၃ကြိမ် ခေါ်နိူင်ပါစေ….ကုသိုလ် အမျှ အမျှ အမျှ ယူပါ” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။ ပရိသတ်ကြီးလည်း လူကြမ်းသရုပ်ဆောင်ကြီး ဦးစိန်သန်း ကို ဝမ်းနည်းကြေကွဲကာ ကောင်းရာသုကတိလားအောင် ဆုတောင်းပေးလိုက်ပါဦးနော်…။

Swelsone News