ကိုဗစ်ကာလအတွင်း အိမ်ထဲကအိမ်ပြင်မထွက်လို့ သိသိသာသာလေး ပြည့်ဖောင်းလာတာတောင် ချစ်တဲ့သူ ရှိနေကြသေးတယ် ဆိုတဲ့ သက်မွန်မြင့်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုဗစ်ကာလအတွင်း အိမ်ထဲကအိမ်ပြင်မထွက်ရင်းနဲ့ သိသိသာသာလေး ပြည့်ဖောင်းလာခဲ့တဲ့ သက်မွန်မြင့်

ထူးထူးခြားခြား ချင်းတိုင်းရင်းသူ မင်းသမီးလေး သက်မွန်မြင့်ကတော့ ယနေ့ထိတိုင် အနုပညာလောကမှာ တောက်ပနေဆဲ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ သက်မွန်မြင့်က နောက်ပိုင်းမှာ အောင်မြင်မှုတွေ တဖွဲဖွဲရရှိခဲ့ပြီး နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် သက်မွန်မြင့်က “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားကြီး၊ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးတို့နဲ့ အကယ်ဒမီထူးချွန်ဆု (၂) ဆုတိတိ ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

(၂၀၂၀) ခုနှစ်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ဖို့ စီစဉ်ထားတဲ့ သက်မွန်မြင့်က ကပ်ရောဂါပျံ့နှံ့မှုအခြေအနေတွေကြောင့် တစ်နှစ်ပတ်လုံးနီးပါး အနားယူနေခဲ့ရပြီး ရိုက်ကူးရေးကို ရွှေ့ဆိုင်းထားရတာပဲ ဖြစ်ပါတယ်။ အိမ်ထဲမှာပဲ လပေါင်းများစွာနေနေရတဲ့ သက်မွန်မြင့်က သိသိသာသာကို ပြည့်ဖောင်းလာခဲ့ပြီး သူမရဲ့ လက်ရှိပုံရိပ်လေးကို အခုလိုပဲ ယုံကြည်ချက်ရှိရှိချပြလာခဲ့တာကို တွေ့ရပါတယ်။

သက်မွန်မြင့်က သူမရဲ့ ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ပုံလေးကို မျှဝေပြီး “ပြည့်ဖောင်းလေးကို ချစ်တဲ့သူ အားကျတဲ့သူ ရှိနေကြသေးတယ် ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီကတော့ သက်မွန်တစ်ယောက် ပိန်ပိန်၊ ဝဝ ချစ်ပြီးသားဖြစ်မယ်ဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thet Mon Myint’s fb
Bilie – Cele Connections