ခွေးလေးတွေကို Spa မှာရေချိုးပေးရင်းနဲ့ သူပါရေကန်ထဲဝင်စိမ်နေတဲ့ ခင်ပွန်းဖြစ်သူရွှေထူးရဲ့ပုံရိပ်ကို Live လွှင့်ပြီး ပြသလာခဲ့တဲ့ ရွှေမှုံရတီ

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ခွေးလေးတွေကို Spa မှာရေချိုးပေးရင်းနဲ့ သူပါရေကန်ထဲဝင်စိမ်နေတဲ့ ခင်ပွန်းဖြစ်သူရွှေထူးရဲ့ပုံရိပ်ကို Live လွှင့်ပြီး ပြသလာခဲ့တဲ့ ရွှေမှုံရတီ

ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်တစ်ခုကို အတူတူတည်ဆောက်ထားကြသလို အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုရရှိအောင် ကြိုးစားနေကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်တွေဖြစ်ပေမယ့်လည်း ချစ်ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြနေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားပေမယ့်လည်း သီချင်းသစ်လေးတွေကိုတော့ ပရိသတ်တွေလက်ထဲ ထည့်ပေးနေတာပဲ ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေအပြင် တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း ရံဖန်ရံခါ ချပြလေ့ရှိတဲ့ ရွှေနှစ်ရွှေက ဒီကနေ့မှာတော့ အချစ်တော်ခွေးလေးတွေကို Spa လိုက်ပို့ရင်း ပရိသတ်တွေအတွက် Live လွှင့်ပေးလာခဲ့ပါတယ်။ ရွှေမှုံရတီက ခွေးလေးတွေကို ရေချိုးပေးရင်းနဲ့ သူပါ ရေကန်ထဲဝင်ပြီး ရေစိမ်နေတဲ့ ရွှေထူးရဲ့ အကြောင်းကို ပရိသတ်တွေအတွက် အခုလိုပဲ ပြသလာခဲ့ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ သားသမီးရတနာမရှိသေးတဲ့အချိန်မှာ ခွေးလေးတွေနဲ့သာ အချိန်ကုန်ရင်း တစ်နေ့တာကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Mhone Yati ‘s fb
Bilie – Cele Connections